သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မြန်မာ ကားလမ်းဖောက်ရေး အတည်ပြုချက် ကျတော့မည်


နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပိုမိုအားကောင်းစေဖို့အတွက် မြန်မာနိုင်ငံကို ဖောက် လုပ်မယ့် ကားလမ်းမကြီး တည်ဆောက်ရေး အဆိုပြုထားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒ ချမှတ်ရေးအဖွဲ့က အတည်ပြုပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် Sheikh Hasina ကမကထပြုလုပ်တဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ အမျိုးသား စီပွားရေးကောင်စီရဲ့ ဗဟိုအုပ်ချုပ်ရေး ကော်မတီက ဒီအဆိုပြုချက်ကို အတည်ပြုဖွယ်ရှိတဲ့အကြောင်း အမည်ထုတ်ဖော် မပြောလိုတဲ့ စီမံကိန်ဝန်ကြီးဌာန အရာရှိတဦးက AP သတင်းဌာနကို ပြောခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၇ သန်း အသုံးပြု တည်ဆောက်မယ့် လမ်းမကြီးဟာ Dhaka မြို့တော်ကနေ အရှေ့တောင်ဘက် တောင်တန်းတွေရှိပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်မြို့တွေဖြစ်ကြတဲ့ Cox’s Bazaar နဲ့ Bandarban စတဲ့ မြို့နယ်တွေကို ဖြတ်သွားတာဖြစ်ပါတယ်။

ကားလမ်းမသစ် တည်ဆောက်ရေး စီမံကိန်းဟာ အခုနှစ် ဧပြီလကတည်းက နောက်ဆုံး ရေးဆွဲထားပြီးဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒီလမ်းမကြီးတည်ဆောက်မယ့် စီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ တရုတ်နိုင်ငံအပါဝင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေးကို ရှေ့ရှု လုပ်ဆောင်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီစီမံကိန်းဟာ ၂၀၁၇ ခုနှစ် ကုန်ပိုင်းမှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG