သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားတွေအတွက် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်


ဂျပန်နိုင်ငံသား Kunio Hoshi ပစ်သတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေးတင်းကျပ်ထားပုံ။ (အောက်တိုဘာ ၄၊ ၂၀၁၅)
ဂျပန်နိုင်ငံသား Kunio Hoshi ပစ်သတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေးတင်းကျပ်ထားပုံ။ (အောက်တိုဘာ ၄၊ ၂၀၁၅)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်းပတ်တစ်ပတ်အတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ချက်နဲ့ နိုင်ငံခြားသားနှစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားသံတမန်တွေအတွက် လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက အလားတူ တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့လည်း ပြောထားပါတယ်။

ထပ်တိုးလုံခြုံရေးတပ်ဖွဲ့တွေကို နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြားသားတွေနေထိုင်ရာ နေအိမ်တွေ၊ အလုပ်လုပ်ကိုင်ရာ နေရာတွေမှာ တိုးမြှင့် ချထားလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် ဂျပန်လူမျိုး Kunio Kushi ကို စနေနေ့က ဆိုင်ကယ်စီးနင်းလာတဲ့ မျက်နှာဖုံးစွပ် သေနတ်သမားသုံးဦးက နိုင်ငံမြောက်ပိုင်း Rangpur မြို့မှာ ပစ်သတ်သွားတာ ခံခဲ့ရပြီး စက်တင်ဘာလ ၂၉ ရက် နေ့ကလည်း အီတလီလူမျိုး ကူညီကယ်ဆယ်ရေး အထောက်ကူပေးသူတယောက်ကို Cesre Tavella မှာ အလားတူ ပစ်သတ်သွားခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံခြားသားတွေအပေါ် တိုက်ခိုက်မှု ပြုလုပ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခုဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ရှိနေတယ်ဆိုတာကို အတည်မပြုသေးပါဘူး။

XS
SM
MD
LG