သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်တွေ ဓားနဲ့ခုတ်လို့ ဘင်္ဂလားဘလော့ဂါသေဆုံး


ဒီကနေ့ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှိနိုင်ငံ မြို့တော် ဒါကာမှာ လူသုံးဦးက စာရေးဆရာ ဘလော့ဂါတဦးကို ဓါးနဲ့ခုတ်သတ်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်တယ်လို့ သံသယရှိသူ ၃ ဦးထဲက ၂ ဦးကို ဖမ်းဆီးထားနိုင်ပြီး သူတို့ဟာ ဘာသာရေးကျောင်းက ကျောင်းသားတွေဖြစ်တယ်လို့ ရဲကပြောပါတယ်။

မူဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုကို တန်ဖိုးထားတဲ့ စာရေးဆရာတွေကို အခုနှစ်ပိုင်းတွေ အတွင်း တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့လတုန်းကလည်း ဘာသာရေး အစွန်းရောက်မှုကို ဆန့်ကျင်ရေးသားတဲ့ ထင်ရှားတဲ့ ဘင်္ဂလားဒေ့ရှ် အမေရိကန် ဘလော့ဂါတဦးဖြစ်တဲ့ Avijit Roy ကို သေတဲ့အထိ ဓါးနဲ့ခုတ်သတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်က နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းကို ဖေါ်ပြရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဆင့် ၁၄၆ နေရာမှာ ရှိနေပါတယ်။

XS
SM
MD
LG