သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသုံးနိုင်ငံ ကြက်ငှက်တုပ်ကွေးဖြစ်ပွား


ကြက်ငှက်တုပ်ကွေးဖြစ်နေတဲ့ ကြက်ခြံမှာ ကော့စတစ်ဆေးရည်ဖြန်းဖို့ ပြင်ဆင်နေစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
ကြက်ငှက်တုပ်ကွေးဖြစ်နေတဲ့ ကြက်ခြံမှာ ကော့စတစ်ဆေးရည်ဖြန်းဖို့ ပြင်ဆင်နေစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)

နယ်သာလန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားတာကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့ ကြက်ကောင်ရေ (၁) သိန်းခွဲကို သတ်ပစ်လိုက်ရပါတယ်။

အခုလအစောပိုင်းတုန်းက ဂျာမဏီနိုင်ငံ မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တွေ့ရှိရပြီးနောက် အခု နယ်သာလန်နိုင်ငံမှာ H5N8 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်ပွားမှုဟာ ဥရောပမှာ ဒုတိယအကြိမ်မြောက် ရောဂါပြန့်ပွားမှုဖြစ်ပါတယ်။

ဒီ ဗိုင်းရပ်မျိုးစိတ်ဟာ ငှက်တွေမှာ ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်စေတယ်လို့ ဒတ်ချ် စီးပွားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တနင်္ဂနွေနေ့က ပြောသွားပြီး ကြက်သား၊ ဘဲသာ၊း ဥနဲ့ သူတို့ရဲ့ အညစ်အကြေးတွေ သယ်ပို့မှုကို သုံးရက်ကြာ တားမြစ်ထားပါတယ်။

အလားတူ တားဆီးမှုမျိုးတွေ ပြုလုပ်ဖို့အတွက် ဥရောပကော်မရှင်ကနေ အရေးပေါ် ကြားဖြတ်ကာကွယ်တားဆီးရေးအစီအမံတွေ ချမှတ်သွားဖွယ် ရှိတယ်လို့ ဥရောပကော်မရှင် ပြောခွင့်ရသူ Ricardo Cardoso က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ UK နိုင်ငံ Yorkshire နယ်က ဘဲခြံတခုမှာလည်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ ဗြိတိန်အရာရှိတွေက အတည်ပြုပြီး အဲဒီမှာ ရောဂါတားဆီးရေးအတွက် ဘဲတွေကို သတ်လိုက်ရပါတယ်။

အဲဒီမှာ ကူးစက်တဲ့ ဗိုင်းရပ်အမျိုးအစားကိုတော့ အတည်မပြုရေသေးပေမယ့် ရောဂါဟာ အများပြည်သူ ဒါမှမဟုတ် အစားအသောက်တွေထဲ ရောက်သွားနိုင်ခြေ နည်းတယ်လို့တော့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

XS
SM
MD
LG