သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bollywood မင်းသား Salman Khan ထောင် ၅ နှစ်ချခံရ


မွန်ဘိုင်းတရားရုံးကိုလာရောက်တဲ့ ဘောလိဝုဒ်မင်းသား Salman Khan
မွန်ဘိုင်းတရားရုံးကိုလာရောက်တဲ့ ဘောလိဝုဒ်မင်းသား Salman Khan

၂၀၀၂ ခုနှစ်က လူတိုက်ပြီးထွက်ပြေးတဲ့ ကားတိုက်မှုမှာ လူသေဆုံးရမှုအတွက် အပြစ်ရှိတဲ့ အိန္ဒိယ Bollywood ရုပ်ရှင်မင်းသား Salman Khan ကို အိန္ဒိယ တရားရုံးတခုက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

Mumbai တရားရုံးက တရားသူကြီးက Khan ကို ဗုဒ္ဓဟူးနေ့မှာ အပြစ်ပေးလိုက်တာဖြစ်ပါတယ်။ သူဟာ ဒီအမှုအတွက် ၁၀ နှစ်အထိ ကျခံရနိုင်ဖွယ်ရာ ရှိနေတာပါ။

Khan ဟာ အခင်းဖြစ်ပွားစဉ်က အရက်မူးနေပြီး သူမောင်းတဲ့ Toyota Land Cruiser ကားနဲ့ လမ်းဘေးမှာ အိပ်နေတဲ့ လူ ၅ ယောက်ကို ဝင်တိုက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ယူဆကြပါတယ်။ အဲဒီမှာ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တာပါ။

အသက် ၄၉ နှစ် ရှိပြီဖြစ်တဲ့ Khan ကတော့ ဒီယာဉ်တိုက်မှုဖြစ်ပွားစဉ်မှာ သူ ကားမမောင်းခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း လျှောက်လဲမယ်လို့ ခန့်မှန်းရပါတယ်။ Khan ဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်း အနှစ် ၃၀ လောက်အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၉၀ ကျော် ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG