သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston မာရသွန်ဗုံးခွဲသူ အမှုပေါ့ရေး ရှေ့နေလျှောက်လဲ


အကျိုးဆောင်ရှေ့နေ တရားခွင်မှာ လျှောက်လဲချက်ပေးနေစဉ်
အကျိုးဆောင်ရှေ့နေ တရားခွင်မှာ လျှောက်လဲချက်ပေးနေစဉ်

၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန် အပြေးပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဇိုးခါး ဇာနဲယက်ဖ် (Dzhokhar Tsarnaev) အနေနဲ့ အဲဒီ ဗုံးခွဲမှုမှာ ကူညီ ဆောင်ရွက်ခဲ့ပေမဲ့ နောက်ကွယ်က အဓိက စီစဉ်သူဟာ သူ့အကိုဖြစ်ကြောင်း ဇာနဲယက်ဖ် (Tsarnaev) ရဲ့ ရှေ့နေက ပြောပါတယ်။

လူ ၃ ဦး သေဆုံးပြီး ၂၆၄ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့တဲ့ ၂၀၁၃ ခုနှစ် ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲ ပန်းတိုင်အနီးမှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုအတွက် ပြစ်မှုထင်ရှားခဲ့ရင် သေဒဏ်နဲ့ ရင်ဆိုင်ရမယ့်သူဟာ သူ့ရဲ့ အမှုသည်သာ ဖြစ်ကြောင်း ရှေ့နေ Judy Clarke က ပြောပါတယ်။

ဇိုးခါး ဇာနဲယက်ဖ် အနေနဲ့ အပြစ်မရှိပါဘူးလို့ တရားခံဘက်က လျှောက်လဲချက်ပေးမှာ မဟုတ်ကြောင်း ဒီအမှုအတွက် ကြားနာ စစ်ဆေးမှု စတင်တဲ့ ပထမနေ့မှာပဲ အမေရိကန် ပြည်ထောင်စုအတွင်း သေဒဏ်ပေးမှုတွေနဲ့ ပတ်သက်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦးလည်းဖြစ်တဲ့ ရှေ့နေ Judy Clarke က ပြောပါတယ်။
သူ့အကို တာမာလန်း (Tamerlan) ရဲ့ ခိုင်းစေချက်အရသာ သူ့အမှုသည်က ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုက မူဆလင်နိုင်ငံတွေမှာ စစ်ပွဲဆင်နေတာကို လက်စားချေတဲ့ အနေနဲ့ ဘော်စတွန်မြို့ မာရသွန် အပြေးပြိုင်ပွဲမှာ အခုလို ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်တယ်လို့ တရားလိုဖက်က စွဲချက် တင်ထားတာပါ။
ဗုံးခွဲမှုကို သူတို့ ညီအကို နှစ်ယောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်တွေက သိရှိသွားပြီးတဲ့နောက် ထွက်ပြေးဖို့ ကြိုးစားရင်း ရည်ရွယ်မထားပဲ ဇိုးခါး ဇာနဲယက်ဖ်က သူ့အကိုကို ကားနဲ့ တိုက်သတ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။

XS
SM
MD
LG