သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆောက်လုပ်ဆဲ တံတားပြိုကျ လူ ၁၄ဦး ထက် မနည်း သေဆုံး


အိန္ဒိယ ဆောက်လုပ်ဆဲ တံတားပြိုကျ (မတ် ၃၁၊ ၂၀၁၆)
အိန္ဒိယ ဆောက်လုပ်ဆဲ တံတားပြိုကျ (မတ် ၃၁၊ ၂၀၁၆)

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ဆောက်လုပ်ဆဲတံတားတစင်း ပြိုကျတာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ Kolkata မြို့က အဲဒီတံတားပြိုကျတဲ့ဖြစ်ရပ်မှာ ကွန်ကရစ်တုံးတွေအောက် ပိတ်မိနေမယ်လို့ ယူဆရသူတွေကို ကယ်တင်ဖို့ ရှာဖွေ ရေးလုပ်နေပါတယ်။ တခြားလူ ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရပါတယ်။

“အသံအကျယ်ကြီး ထွက်လာတာကြောင့် ကျနော်တို့ ထိတ်လန့်သွားကြပါတယ်။ ဒီတံတားအပိုင်းမှာ ညကမှာ ကွန်ကရစ် လောင်းထားတာပါ။ ကျနော်က အောက်ကိုဆင်းပြီး ဖျော်ရည်သွားယူမယ်လို့ စဉ်းစားနေတုန်းမှာပဲ တံတားပြိုကျတာကို တွေ့လိုက် ရတာကြောင့် ကံကောင်းသွားပါတယ်။ လူအတော်များများ သေကုန်ကြပါတယ်။” လို့ အဲဒီမှာရှိနေတဲ့ ဒေသခံတဦးကပြောပါ တယ်။

တံတားပြိုကျချိန်မှာ လူစီးများတဲ့ ဆိုက်ကားတွေအပါအဝင် လူတွေနဲ့ကားတွေ အတော်များများ တံတားအောက်မှာ ရှိနေတယ်လို့ မျက်မြင်တဦးကပြောပါတယ်။

XS
SM
MD
LG