သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်တော်ဝင် ဇနီးမောင်နှံ ဝီလျံနဲ့ကိတ် ဒုတိယမြောက် ရင်သွေးရတနာ ရတော့မည်


မင်းသား ဝီလျံ၊ ကြင်ယာတော်မင်းသမီး ကိတ် နဲ့ ပထမရင်သွေး မင်းသားငယ် George။
မင်းသား ဝီလျံ၊ ကြင်ယာတော်မင်းသမီး ကိတ် နဲ့ ပထမရင်သွေး မင်းသားငယ် George။

ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ မြေးဖြစ်သူ မင်းသား Williamနဲ့ သူ့ဇနီးသည် Kate ဟာ အခုဆိုရင် ဒုတိယမြောက် ရင်သွေးငယ်ရတော့မယ်လို့ ဗြိတိသျှ တော်ဝင်မိသားစုက မနေ့ တနင်္လာနေ့က ကြေညာပါတယ်။

သူတို့ရဲ့ ပထမဆုံး သားဦးကလေးကိုတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ မွေးဖွားခဲ့ပြီး မင်းသား George လို့ အမည်ပေးထားပါတယ်။ အခုလို ဒုတိယမြောက် ရင်သွေးရတော့မယ်ဆိုတဲ့ သတင်းကောင်းအတွက် ဝမ်းမြောက်မိကြောင်း ဝန်ကြီးချုပ် David Cameron က သူရဲ့ တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြရေးသားပါတယ်။

XS
SM
MD
LG