သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း လူသေမှု လူ့အခွင့်အရေး ကော်မရှင် စတင်စစ်ဆေး


လက်ပံတောင်း ကြေးနီစီမံကိန်းအတွင်း ဒေသခံတွေနဲ့ ရဲလုံခြုံရေးတွေကြား တင်းမာမှုဖြစ်ပွားစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)
လက်ပံတောင်း ကြေးနီစီမံကိန်းအတွင်း ဒေသခံတွေနဲ့ ရဲလုံခြုံရေးတွေကြား တင်းမာမှုဖြစ်ပွားစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)

လက်ပံတောင်းမှာ လျော်ကြေး မယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုး ခတ် တာကို ဆန့်ကျင် ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ မိုးြကိုးပြင်ရွာသူ ဒေါ်ခင်ဝင်းရဲ့ အမူနဲ့ ပတ်သက်လို့ သက်သေတွေကို မြန်မာနိုင်ငံ အမျိုသား လူအခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေပြီဖြစ်သလို မန္တလေး ရန်ကုန်နဲ့ လက်ပံတောင်းတို့မှာလည်း ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ခြံစည်းရိုး ကာရံတာကို ဆန့်ကျင် ကန့်ကွက် ဆန္ဒြပရင်း သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင်နဲ့ ဆားလင်းကြီးမြို့နယ် ရဲစခန်းက သက်သေတွေကို စတင် စစ်ဆေးနေပြီဖြစ်ပါတယ်။ ဆားလင်းကြိးမြို့နယ် ချည်ထည်စက်ရုံရဲ့ဧည့်ရိပ်သာမှာ မိုးကြိုးပြင်ရွာက သက်သေတွေကို စတင်စစ်ဆေးခဲ့ကြောင်း သက်သေတဦးဖြစ်တဲ့ ဒေါ်ခင်မာအေး ကပြောပါတယ်။

"ဒေါ်ခင်ဝင်းဖြစ်ပွားတာက ဘယ်လိုဖြစ်ပွားတာလဲ။ ဘယ်မှာဖြစ်ပွားတာတုန်း။ ပစ်လိုက်တဲ့သူကို မြင်လား။ ဘယ်လိုလည်း အဲ့တာတွေ သူကမေးပါတယ်ရှင့်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့တာပဲ မေးပါတယ်ရှင့်။ သူ ဘာတွေ လုပ်ကိုင်စားတုန်း။ ဘယ်နေရာမှာဖြစ်ပွားလည်း ခုနက ကျမ ပြောတဲ့အတိုင်းပဲ အဲ့တာတွေပဲ မေးပါတယ်ရှင့်။ ဒီမြင်တဲ့အတိုင်းပဲ စက်ယန္တယားတွေ နဲ့ ပြောင်းခင်းတွေ၊ ပဲစဉ်းငုံခင်းတွေကို သံဇကာနဲ့ခတ်ပြီး ဖျက်ဆီးနေလို့ ကိုယ့်မြေကိုယ့်ယာကို သွားပြီး တားဆီးတဲ့အခါမှာ ပဋိပက္ခတွေဖြစ်ပြီး တောင်းပန်တဲ့ အခါမှာ ရဲလုံခြုံရေးအဖွဲ့တွေက လူထုတွေဘက်ကို တက်လာပြီး ပစ်ပြီးတော့ ဒေါ်ခင်ဝင်းကို သေနတ်တွေ မှန်ပြီးတော့ ဦးခွံ လန်ကျသွားပြီးတော့ အကုန်ပွစာကြဲသွားတယ်လို့ ပြောပါတယ်ရှင့်။ စုံစမ်းရေးကော်မရှင်က ဦးဇော်ဝင်းတဲ့ရှင့်။ ဦးဇော်ဝင်းတဲ့ ဒေါက်တာဉာဏ်ဇော်တဲ့။ ဦးဘုန်းမြင့်တဲ့။ တယောက်ချင်း မေးတာပါရှင့်။ တယောက်တည်း မေးတာပါရှင့်။ ဦးဇော်ဝင်းက မေးတာပါရှင့်။"

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာလည်း သက်သေတွေကို ကြာသပတေးနေ့မှာ စစ်ဆေးခဲ့သလို လူ့အခွင့်အရေး ကော်မရှင်ကလည်း တနေ့တည်းမှာပဲ စစ်ဆေးခဲ့တာပါ။ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ အဖြစ်မှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားပါမယ် လို့ ပြောကြားခဲ့ကြောင်း မိုးကြိုးပြင်ရွာသူ ဒေါ်ခင်မာအေးကပြောပါတယ်။

" ကော်မရှင်က အမှန်အတိုင်းကို ဖြေရှင်းပြီးတော့ အမှန်အတိုင်း ရအောင်ကို ဖြစ်အောင် ရှင်းပေးမယ်လို့ အဲ့လိုပြောပါတယ်ရှင့်။ တော်တော်ကြာ တယ်ရှင့်။ သူတို့ ကျမတို့ကို နေ့လည် ၂နာရီခွဲလောက်က ဟိုကိုရောက်တာကို။ ရဲစခန်းက ရဲမှူးကလည်း စစ်တယ်။ မဌေးဌေးတို့ ကိုသောင်းတို့ကို။ ရဲစခန်းကနေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဲ့ဒီ့ကို သွားတယ်။ ရဲမှူးကြီးကလည်း တနာရီခွဲလောက် ကြာတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကလည်း အတော့်ကို ကြာတယ်ရှင့်။့ရဲစခန်းက မျက်မြင်သက်သေကို စစ်တာရှင်။ ရဲစခန်းက စစ်တာရှင့် ဘယ်နေရာမှာ ကျတာလဲ ဘယ်လိုတွေ ဖြစ်တာတုန်း မိသားစုတွေ ဘယ်နှစ်ယောက်ရှိလဲ သားသမီးတွေ ဘယ်နှစ်ယောက်ရှိလဲ အကုန်စုံအောင် လှည့်ပြီးမေးတာရှင့်။ အဲ့ဒီ့မှာ မီဒီယာသမားတွေ သတင်းသမားတွေကို ရဲမှူးကြိးက အဝင်မခံဘူးရှင့်။"

ကော်မရှင် အနေနဲ့ လက်ပံတောင်းတောင်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ အတွင်း သေဆုံး ရတဲ့ ဒေါ်ခင်ဝင်း အမူကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေး တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်လို့ လူအခွင့်အရေး ကော်မရှင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းမှာ တောင်သူတွေ ပစ်ခတ်ခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို မြန်မာဝမ်ပေါင် မြန်မာ ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရကို ဆန့်ကျင် ကန့်ကွက်။ မြန်မာနိုင်ငံ မန္တလေးမြိုနဲ့ ရန်ကုန်မြို့တု့ိမှာလည်း ဖြစ်ပွားခဲ့ပါတယ် မန္တလေးမြို့မှာတော့ သံဃာတွေ မြို့ခံတွေ လူူမှုအဖွဲ့အစည်းတွေ က အင်အား ထောင်ဂဏန်းလောက်ထိရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာတော့မြို့တော်ခန်းမရှေ့ကနေ ဆန္ဒပြခဲ့ပြီးနောက် တရုတ်သံရုံးရှေ့ကို သွားရောက် ကန့်ကွက်ဆန္ဒပြမူတွေ လုပ်ဖို့ ကြိုးစားရာမှာတော့ တရုတ်သံရုံးရှေ့မှာ အာဏာပိုင်တွေက တားဆီးထားပါတယ်။

(ဆန္ဒပြကြွေးကြော်သံများ)

လက်ပံတောင်း မှာလည်း ဒေသခံတွေက ဆန့်ကျင် ကန်ကွက် ဆန္ဒပြမူတွေ နေ့လည်ပိုင်းက လုပ်ခဲ့ပြီး သိမ်းဆည်းထားတဲ့ မြေယာများပြန်ရရှိရေး အတွက် ဖွင့်ထားတဲ့ သပိတ်စခန်းက ဆန္ဒပြသူတွေက ခြံစည်းရိုးတွေ ဖယ်ရှားပေးဖို့တောင်းဆိုနေပါတယ် ။

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ကန့်ကွက် ဆန္ဒပြမူတွေ ဆက်တိုက်ဖြစ်နေပြီး ကိုရီးယား ဂျပန် ထိုင်း စတဲ့နိုင်ငံတကာမှာလည်း ကန့်ကွက်မူတွေရှိနေပါတယ်။

မြန်မာနိုင်ငံတွင်းက အရပ်ဖက် အဖွဲအစည်း ၄၉၀နဲ့ စုစည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမူနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဖက်မဟာမိတ်ကလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လိပ်မူပြီး EITI ရဲ့ မူဝါဒတွေကို ဆန့်ကျင်နေတာကြောင့် ဆန္ဒ ထုတ်ဖော်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အစိုးရကတော့ စီမံကိန်းကို တားဆီးနှောက်ယှက်တာကြောင့် အဓိကရုဏ်း နှိမ်နှင်းရေး လက်နက်ကို သုံးပြီး ဖြေရှင်းရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG