သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဂုဏ်ရည်ဆု မဖြိုးဖြိုးအောင်ရရှိ


ဖြိုးဖြိုးအောင် (ဓာတ်ပုံ-ပြည်သူ့ဂုဏ်ရည်)
ဖြိုးဖြိုးအောင် (ဓာတ်ပုံ-ပြည်သူ့ဂုဏ်ရည်)

လက်ရှိထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ၂၀၁၅ ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားမှာ ၂၀၁၅ခုနှစ်ဆုရှင်အဖြစ် သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် (၂၇)နှစ်အရွယ် မဖြိုးဖြိုးအောင်ကို ဂုဏ်ပြုချီးမြှင့်လိုက်တာနဲ့ပတ်သက်လို့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက အခုလိုပြောပါတယ်။

“မဖြိုးဖြိုးအောင်ဆိုလို့ရှိရင် နာဂစ်ဖြစ်တဲ့ကာလကနေပြီးတော့ နောက်ပိုင်း သူ့ဘဝတလျှောက်လုံးမှာက အနစ်နာခံရတယ်၊ မိဘကလည်း နိုင်ငံရေးကိစ္စတွေကြောင့်မို့လို့ အတိဒုက္ခမျိုးစုံရောက်တဲ့ကြားထဲကနေပြီးတော့ တိုင်းပြည်အတွက် သူရောက်တဲ့အရွယ်မှာ ကြုံလာတဲ့အခက်အခဲပေါင်း များစွာတွေကို သူက ကိုယ်ကျိုးစွန့် အနစ်နာခံပြီးဆောင်ရွက်တဲ့လူတယောက်ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ ဒါကြောင့်မို့လို့ ရွေးချယ်တာပါ။”

မဖြိုးဖြိုးအောင်ကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာတသောင်းနဲ့အတူ ပူးတွဲချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် အထူးဆုတွေကိုတော့ တပိုင်တနိုင်အခမဲ့စာကြည့်တိုက်ဖွင့်လှစ်သူ ကိုဇော်ဇော် (မန္တလေးစာကြည့်တိုက်) နဲ့ အခမဲ့ ဇီဝိတဒါန ဆေးခန်းဖွင့်လှစ်ထားသူ ဒေါက်တာနန္ဒာဝင်းတို့ကို ဒေါ်လာ တထောင်စီ ပူးတွဲဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်က ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုတွေစုပေါင်းဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အဖြစ် နာရေးကူညီမှုအသင်းက စာရေးဆရာမ သန်းမြင့်အောင်ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

XS
SM
MD
LG