သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၁၀၀ ကျော် မြန်မာ စစ်တပ်က ထွက်ခွင့်ပြု


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)

မြန်မာစစ်တပ်က ကလေးစစ်သား ၁၀၉ ယောက်ကို တပ်ထဲက ထွက်ခွင့်ပြု လိုက်တယ် လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကလေးစစ်သား စုဆောင်း အသုံးပြုတာ ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့နှစ်နှစ်မှာ အစိုးရက သဘောတူထားပြီး ကတည်းကဆိုရင် ဒါဟာ အရေအတွက် အများဆုံး ထွက်ခွင့်ပြုလိုက်တာပါ။

ဒီလိုလုပ်တာက မြန်မာစစ်တပ်ဟာ ကလေးစစ်သား စုဆောင်း အသုံးပြုတာကို ရပ်ဆိုင်းရေး ကြိုးပမ်းချက်တွေအပေါ် အလေး အနက်ရှိတယ်ဆိုတာကို ပြနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ စစ်တပ်ထဲက ထွက်ခွင့်ပြုလိုက်သူတွေဟာ ကလေးစစ်သား စုဆောင်း အသုံးပြုမှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား လက်မှတ်ရေးထိုးချိန်က အသက် ၁၈ နှစ်အောက် အရွယ်တွေဖြစ်ကြပါတယ်။

အဲဒီအချိန်ကတည်းကစပြီး သြဂုတ်လမှာ ၉၁ ယောက် တပ်ထဲက ထွက်ခွင့်ပြုတာ အပါအဝင် စုစုပေါင်း ထွက်ခွင့်ပြုတဲ့ ကလေး စစ်သား ၄၇၂ ယောက်အထိ ရှိသွားပါပြီ။

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်အပြင် ကလေးစစ်သား စုဆောင်းအသုံးပြုနေတဲ့ တခြား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ထက်မနည်း ရှိသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG