သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ကျဆင်းမှု စီးပွားရေးကို ထိခိုက်နိုင်ကြောင်း တရုတ်အစိုးရပြော


စက်တင်ဘာလအတွင်း တရုတ်နိုင်ငံထဲပို့တဲ့ သွင်းကုန်ပမာဏ ကျဆင်းသွားတာဟာ ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားအကြီးဆုံး တရုတ်နိုင်ငံအတွက် စီးပွားရေး ချိနဲ့လာမယ့် လက္ခဏာပဲလို့ တရုတ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီလိုကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သွင်းကုန်ပမာဏ ၂၀% ကျော် ကျဆင်းသွားတယ်လို့ အကောက်ခွန်ဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ ဒါဟာ ၁၁ လမြောက် ဆက်တိုက် စီးပွားရေး ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကဆိုရင် တရုတ်ရဲ့ ပို့ကုန် ၄% နီးပါး ကျဆင်းခဲ့တာကြောင့် စက်တင်ဘာလအတွက် တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုငွေဟာ ဒေါ်လာဘီလီယံ ၆၀ ကျော်သာ ရှိပါတယ်။ သွင်းကုန်ပမာဏ နောက်ထပ် ၁၅% လောက် ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

တရုတ်စီးပွားရေးကို နိုင်ငံခြားတင်ပို့မှုပေါ် အားကိုးနေတာထက် ပြည်တွင်းစားသုံးသူတွေရဲ့ လိုအပ်ချက်ကို ပိုဖြည့်ဆည်းပေးနိုင်မယ့် စီးပွားရေးပုံစံအဖြစ် တရုတ်အစိုးရ မူဝါဒရေးဆွဲသူတွေ ကြိုးပမ်းနေတဲ့ တချိန်ထဲမှာပဲ စိန်ခေါ်မှုတွေကလည်း အမြောက်အမြား ရှိလာခဲ့ပါတယ်။

တရုတ်ပြည်သူတွေ နေ့စဉ်သုံးစွဲနေတဲ့ အခြေခံလိုအပ်ချက် အဆောက်အဦးတွေကို ပိုပြီး ဖော်ဆောင်လာတဲ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာလက စပြီး အတိုး ၅% လျှော့ချခဲ့ပေမဲ့လည်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၅ နှစ်အတွင်း အနှေးကွေးဆုံးကာလ ဖြစ်ပါတယ်။

အခုလို တရုတ်စီးပွားရေး နှေးကွေးမှုကြောင့် တကမ္ဘာလုံးမှာ ရေနဲ့ ကြေးနီနဲ့ သတ္တုရိုင်း ဈေးနှုန်းတွေပါ ကျဆင်းခဲ့ရပါတယ်။ တရုတ်စီးပွားရေး ပုံမှန်အတိုင်း ဖြစ်ခဲ့ရင် စီးပွားတိုးတက်မှုနှုန်းဟာ ၇% လောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG