သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စီးပွား ၂၀၁၅ မှာ ၇% သာတိုးဖွယ်ရှိ


China's GDP- 2010 - 2014
China's GDP- 2010 - 2014

အခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်မှုနှုန်းဟာ ၇ ရာခိုင်နှုန်း ဝန်းကျင်လောက်ရှိမယ်လို့ ဝန်ကြီးချုပ် Li Keqiang က ပြောကြားလိုက်တဲ့အတွက် ဒါဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံး ဖွံ့ဖြိုး တိုးတက်မှုလည်း ဖြစ်ပါတယ်။ ပိုမို ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း အမျိုးသားပြည့်သူ့ကွန်ဂရက် စည်းဝေးပွဲ အဖွင့်မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ်စီးပွားရေးအပေါ် အထက်က ကျလာတဲ့ ဖိအားတွေဟာ ပိုမို ပြင်းထန် လာနေပြီး တိုင်းပြည် စီးပွား ဖွံ့ဖြိုးမှုမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေဟာလည်း ပိုပြီး သိသာလာနေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် အခုနှစ်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေက မနှစ်က ကြုံခဲ့ရတာတွေထက် ပိုမို ကြီးမားမယ့်အကြောင်းလည်း သူက ထည့်သွင်း ပြောကြားသွားပါတယ်။ တချိန်ထဲမှာပဲ တိုင်းပြည် ဖွံ့ဖြိုးမှုဟာ အရေးပါတဲ့ အချိန်ပိုင်းမှာ ရောက်ရှိနေပြီး ဒီကာလအတွင်းမှာ အောင်မြင် ပြီးမြောက်နိုင်တဲ့ အခွင့်အရေးတွေလည်း အများအပြား ရှိတယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ စီးပွားဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြ တဲ့ အနေနဲ့ တရုတ်နိုင်ငံရဲ့ ငွေတိုးနှုန်းကို ဒုတိယ အကြိမ်မြောက် လျော့ချပြီး သီတင်းပတ် တပတ် မပြည့်ခင်မှာပဲ လွှတ်တော် စည်းဝေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးနှုန်း ကျဆင်းလာတာ၊ အကြွေးတွေ များနေတာနဲ့ စက်ရုံတွေရဲ့ လုပ်နိုင်စွမ်း ကျဆင်းလာတာတွေက တိုင်းပြည် စီးပွားရေးကို ဖိအားပေးသလို ဖြစ်နေတဲ့အတွက် ၂၀၁၄ ခုနှစ်က သုံးစွဲခဲ့တာထက် ၁၀ ရာခိုင်နှုန်းကျော် ပိုသုံးပြီး အခုနှစ်မှာ ၂.၇၄ ထရီလီယံ ဒေါ်လာ အသုံးပြုဖို့ အစိုးရက စီစဉ်ထားပါတယ်။

XS
SM
MD
LG