ယခင် သတင်းများ

ဝန်ကြီးကလင်တန် အီဂျစ်ရောက်

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ (မြန်မာဌာန)

အီဂျစ်နိုင်ငံက နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို သမ္မတ မိုဟာမက် မော်စီအပြင် တခြားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ဟာ အီဂျစ်မှာ ရောက်ရှိနေပါတယ်။

စနေနေ့မှာ ကိုရို (Cairo) မြို့တော်ကို ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်းမှာ အလက်ဇန်းဒရီးယား (Alexandria) အမေရိကန် ကောင်စစ်ဝန်ရုံး တရုံးကို ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်နဲ့အတူ ခရီးစဉ်မှာ ပါသွားတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

အီဂျစ်နိုင်ငံရေး အသွင်ကူပြောင်းမှု အတွက် သမ္မတ မော်စီရဲ့ အစီအစဉ်တွေက ဘာတွေလဲ ဆိုတာနဲ့ အီဂျစ်အစိုးရသစ်ကို အမေရိကန်က ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ဝန်ကြီး ကလင်တန် သိဖို့ စိတ်အားထက်သန် နေတယ်လို့ နိုင်ငံခြားရေးရုံး အကြီးတန်း အရာရှိတယောက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

This forum has been closed.
Comments
     
There are no comments in this forum. Be first and add one

သမ္မတဦးသိန်းစိန်နှင့် ဗွီအိုအေ တွေ့ဆုံပွဲ

Loading
๑๒:๐๐:๐๐ / -:--:--
အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မြန်မာအစိုးရ သမ္မတဦးသိန်းစိန်ဟာ ၀ါရှင်တန်မြို့တော်မှာရှိတဲ့ ဗွီအိုအေ ဌာနချုပ်ကို လာရောက်ပြီး နယ်ပယ်စုံက မြန်မာနိုင်ငံသားတချို့ရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--