ထုတ်လွှင့်ခဲ့ပြီး သတင်းများ

    Conson မုန်တိုင်းကြောင့် အာရှတလွှား သေဆုံးသူ ၇၀ ကျော်ရှိ

    မီဒီယာ

    အသံ
    ဗွီအိုအေ (မြန်မာဌာန)

    ဗီယက်နမ်နိုင်ငံ ထိုကင်ပင်လယ်ကွေ့ ဒေသတလျှောက် ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားကြီးတဲ့ အပူပိုင်း ကွန်ဆွန် (Conson) တိုင်ဖွန်း မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ လူတဦး သေဆုံးခဲ့ရတယ်လို့ ဗီယက်နမ် အစိုးရ အရာရှိတဦးက ပြောပါတယ်။ ဒါကြောင့် ဗီယက်နမ် မတိုင်မီ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၇၀ ကျော်သွားပြီ ဖြစ်ပါတယ်။

    မနေ့ စနေနေ့ညကစလို့ ဒီမုန်တိုင်း ဗီယက်နမ်နိုင်ငံကို ၀င်ရောက် တိုက်ခတ်ပြီးကတည်းက လူ ၁ ဒါဇင်လောက် ပျောက်ဆုံးနေတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲမှာ ငါးဖမ်းသမားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ သူတွေကို မုန်တိုင်း မ၀င်ခင်ကတည်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဗီယက်နမ် စစ်တပ်က ကူညီပေးခဲ့ပါတယ်။ ဒီ ကွန်ဆွန်မုန်တိုင်းကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

    ဖိလစ်ပိုင်နိုင်ငံမှာ အရင်ပတ်တွင်း ဒီမုန်တိုင်းကြောင့် လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၈၄ ဦးကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ လူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    This forum has been closed.
    Comments
         
    There are no comments in this forum. Be first and add one

    နေ့စဉ်တီဗွီသတင်းလွှာ ၀၄.၂၈.၂၀၁၆

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၂၈-၂၀၁၆)i
    X
    28.04.2016 12:30
    ရီပါဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းကိုယ်စားလှယ်Ted Cruz က ပြိုင်ဘက်ဟောင်းဖြစ်သူ Carly Fiorina ကို သူနဲ့အတူတွဲပြီး ရွေးကောက်ပွဲဝင်ဖို့ရွေးချယ်၊ ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ သံသယရှိခံထားရသူ Salah Abdeslam ကိုပြင်သစ်က တရားစွဲ၊ ရိုဟင်ဂျာအသုံးအနှုန်းအပေါ် ရန်ကုန်အမေရိကန်သံရုံးရှေ့ မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြ၊ စသည်

    နောက်ဆုံးလွှင့် အီဒီယံသင်ခန်းစာ

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    အမေရိကန်သုံး အီဒီယံi
    X
    18.04.2016 14:45
    အခုဆက်ပြီး အမေရိကန်သုံး အင်္ဂလိပ်စာအသုံးအနှုန်း ပို့ချချက်ကို တင်ဆက်ပါတော့မယ်၊ ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာမှာတော့ Make My Day ကို အခြေခံတဲ့  အီဒီယံအသုံးတွေကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
    မိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူပါ

    ကမ္ဘာ့သတင်း စက္ကန့် ၆၀

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    VOA60 World PM - Syrian Truce in Tatters Amid Government Airstrikesi
    X
    28.04.2016 19:24
    Syrian Truce in Tatters Amid Government Airstrikes