သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲမှုနဲ့ ဆက်နွယ်သူ ထောင်တသက်ကျ


ထရိတ်ဒါး ဟိုတယ် ဗုံးဖောက်ခွဲမှုအတွက် စောမြင့်လွင် (ခေါ်) မောထ ကို ထောင်ဒဏ်တသက်ကျွန်း ချ။ (ဇူလိုင် ၃၊ ၂၀၁၅)
ထရိတ်ဒါး ဟိုတယ် ဗုံးဖောက်ခွဲမှုအတွက် စောမြင့်လွင် (ခေါ်) မောထ ကို ထောင်ဒဏ်တသက်ကျွန်း ချ။ (ဇူလိုင် ၃၊ ၂၀၁၅)

၂၀၁၃ ခုနှစ်တုန်းက ရန်ကုန်မြို့လယ် ကုန်သည်ကြီးများ Hotel က အသေးစားပေါက်ကွဲမှုနဲ့ဆက်နွယ်ပြီး ရန်ကုန်အနောက်ပိုင်ခရိုင်တရားရုံးကနေ တရားခံတဦးကို ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ပါတယ်။ ၂၀၁၃ အောက်တိုဘာလတွင်းက ကုန်သည်ကြီးများ ဟိုတယ် ၉လွှာ အခန်းတခန်း အတွင်း အသေးစားဗုံးဖောက်ခွဲမှုအတွက် တရားခံ စောမြင့်လွင် (ခေါ်) မောထ ကို ထောင်ဒဏ်တသက်ကျွန်း ချမှတ်ခဲ့သလို၊ Western Park စားသောက်ဆိုင်မှာလည်း အလားတူဖောက်ခွဲဖို့ကြိုးစားခဲ့တဲ့ အတွက် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀အပြင်၊ ဖောက်ခွဲပစ္စည်းနဲ့ဆိုင်တဲ့ ဥပဒေအရ ထောင်ဒဏ် ၅နှစ် သီးခြားစီ ကျခံရမယ်ဆိုတာကြောင့် ပြစ်ဒဏ် စုစုပေါင်းဟာ ထောင်ဒဏ်တသက်နဲ့ နောက်ထပ် နှစ် အစိတ် ဖြစ်ပါတယ်။

ထရိတ်ဒါးဟိုတယ်မျာ ပေါက်ကွဲမှုကြေငာ့် အခန်းတွင်းမှာရှိတဲ့ အသက် ၄၃နှစ်အရွယ် အမေရိကန်လူမျိုး ခရီးသွားတဦး အနည်းငယ်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။ ဗုံးခွဲမှုမှာ အဓိက တရားခံဖြစ်သူ ဗုံးထောင်စေခိုင်းသူဟာ နေတိုး (ခေါ်) စောရွှေထူးဖြစ်တယ် လို့ ရဲတပ်ဖွဲ့က သံသယရှိထားပြီး၊ သူ့ကိုတော့ အခုအချိန်အထိ ဖမ်းမိခြင်းမရှိပါဘူး။

သူဟာ ရန်ကုန်အပြင် မန္တလေး စစ်ကိုင်း တောင်ငူနဲ့ ဖြူးမြို့တို့မှာ ရက်ဆက်ဆိုသလို ကိုယ်တိုင်ဗုံးထောင်ခဲ့သူအဖြစ် မြန်မာရဲတပ်ဖွဲ့က ယူဆထားပါတယ်။ တောင်ငူ တည်ခိုးခန်းတခုတွင်း ပေါက်ကွဲမှုမှာတော့ လူနှစ်ဦးသေဆုံးခဲ့ရပါတယ်။

တရားခံပြေးသတ်မှတ်ခံထားရတဲ့ စောရွှေထူးဟာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး၊ KNU နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG