သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကို ကျူးဘားခေါင်းဆောင် ချီးကျူး


ကျူးဘားသမ္မတ Raul Castro
ကျူးဘားသမ္မတ Raul Castro

အမေရိကန်နဲ့ ကျူးဘားအစိုးရတို့အကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်တည်ဆောက်နိုင်မှုအပေါ် အမေရိကန်သမ္မတ Barak Obama ကို ကျူးဘား ခေါင်းဆောင်က ချီးကျူးလိုက်ပါတယ်။

ဒါပေမဲ့ ကျူးဘားသမ္မတ Rual Castrol က ဆက်ပြီး ခုလို သံတမန်ဆက်ဆံရေးပြန်တည်ဆောက်မှုကြောင့် ကျူးဘားနိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီလို့ မဆိုလိုဘူးလို့ သူ့နိုင်ငံကို စနေနေ့မှာ မိန်းခွန်းပြောခဲ့ပါတယ်။

သမ္မတ Rual Castrol အနေနဲ့ ကျူးဘား အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောရာမှာ မြို့တော် Havana ကို နောက်လ လာလည်မယ့် အမေရိကန် အရာရှိတွေနဲ့ ကိစ္စရပ်ပေါင်းများစွာကို ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒီမိန့်ခွန်းကို နိုင်ငံတဝှမ်း ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

ဒါ့အပြင် Rual Castrol က ဧပြီလကျရင် Panama မှာ ကျင်းပမဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို သူကိုယ်တိုင်တက်ရောက်ပြီး၊ သမ္မတ Obama နဲ့ တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ခုလို သံတမန်ဆက်ဆံရေးပြန်တည်ဆောက်မှုအကြောင်း သမ္မတ Obama ကို ဝါရှင်တန်မြို့တော်မှာ သောကြာနေ့က မေးမြန်းခဲ့ရာမှာ Obama က ကျူးဘားမှာ ရုတ်တရက် ကြီးကြီးမားမားပြောင်းလဲမှုတွေ့ရဖို့ သူမမျှော်လင်ထားဘူး၊ ဒါပေမဲ့ အခုအခါမှာ အမေရိကန်အနေနဲ့ ကျူးဘားအစိုးရနဲ့ ပြည်သူတွေနဲ့ ဆွေးနွေးလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ပိုရလာပြီလို့ ဆိုခဲ့ပါတယ်။

ခုလို ဆက်ဆံရေးပုံမှန် ပြန်တည်ဆောက်အပြီး ပထမဆုံးပြောတဲ့ သမ္မတ Rual Castrol မိန့်ခွန်းထဲမှာ ကျူးဘားအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တိုးမြှင့်လုပ်ဆောင်သွားမယ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ကွန်မြူနစ်နိုင်ငံ ဖော်ဆောင်သွားမယ်၊ ဒါပေမဲ့ ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်သွားမှဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တဝက်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ နှစ်နိုင်ငံစလုံးက ပြောခဲ့ပါတယ်။

XS
SM
MD
LG