သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ ကာချုပ် တို့နဲ့ ဗုဒ္ဓဟူးနေ့ ဒေါ်စု တွေ့မည်


သမ္မတ ကာချုပ်တို့နဲ့ ဒေါ်စု တွေ့ဆုံခဲ့စဉ်။ (အောက်တိုဘာ ၃၁၊ ၂၀၁၅)
သမ္မတ ကာချုပ်တို့နဲ့ ဒေါ်စု တွေ့ဆုံခဲ့စဉ်။ (အောက်တိုဘာ ၃၁၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံဖို့ စီစဉ် ဆောင်ရွက်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အဲဒီနေ့ တနေ့ထဲမှာပဲ နေ့လည် ၂ နာရီ ကျ ရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ် ရုံးတွင်းမှာရှိတဲ့ ဧည့်ရိပ်သာမှာ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။


သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယကတို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘော ထားကိုအခြေခံပြီး တွေ့ဆုံ ဆွေးနွေးလိုတဲ့အကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သီးခြား စာတစောင် စီ ရေးသားပေးပို့ပြီးတော့ ပန်ကြားထားတာပါ။
အဲဒီလိုပန်ကြားပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား သီးခြားတွေ့ဆုံ တာတွေ ဆက်တိုက်လိုရှိခဲ့ပြီး ဒီကနေ့မှာလည်း မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီ မိနစ် ၅၀ အထိ တနာရီခွဲကျော်ကြာ ပြည်သူ့လွှတ်တော်ဥက္ကဌရုံးမှာ ထပ်တွေ့ကြပါသေးတယ်။ အခုတကြိမ်ဟာ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ငါးကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေပြီးမှ တွေ့မယ်လို့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က အစောပိုင်းမှာ သီးခြားစီ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာ မထွက်ခင်မှာပဲ တွေ့ဆုံဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG