သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာစင်သီယာမောင်ရဲ့ နယ်စပ်ဒေသကျန်းမာရေးပညာရေးအတွေ့အကြုံများ


ထိုင်း-မြန်မာ နယ်စပ်ဒေသ မယ်တော်ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်ပြီး တိုင်းရင်းသားနဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေသူ ဒေါက်တာ စင်သီယာမောင်
ထိုင်း-မြန်မာ နယ်စပ်ဒေသ မယ်တော်ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်ပြီး တိုင်းရင်းသားနဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေသူ ဒေါက်တာ စင်သီယာမောင်

မော်လမြိုင်ဇာတိ ကရင်တိုင်းရင်းသူ Dr. Cynthia Maung ဟာ ၁၉၈၈ ခု ဒီမိုကရေစီ လှုပ်ရှားမှုကြီးအပြီး ထိုင်းမြန်မာနယ်စပ်ကိုရောက်လာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းကိုဖွင့်လှစ်ခဲ့ပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးအပြင် ကလေးသူငယ်တွေရဲ့ ပညာရေးစသဖြင့်အတွက် တစိုက်မတ်မတ် ကြိုးပမ်းပေးခဲ့လို့ Ramon Magsaysay ဆု၊ John Humphrey လွတ်လပ်ရေးဆု၊ Johnathan Mann ဆု၊ ဆစ်ဒနီငြိမ်းချမ်းရေးဆု စသဖြင့် ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အာရှရဲ့ Mother Teresa ရယ်လို့်လည်း လေးစားခံရသူ Dr. Cynthia ဟာ ဒီဇင်ဘာလ (၆) ရက်နေ့က အသက် (၅၆) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နယ်စပ်မှာ ၂၈ နှစ်တာ ဖြစ်သန်းလာခဲ့တဲ့ သူ့ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ပတ်သက်လို့ Dr. Cynthia Maung ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG