သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ သေနတ်သမားတွေရဲ့ပြန်ပေးဆွဲမှု နှစ်ခုဖြစ်


Donald Trump accepts the Republican Party's presidential nomination at the national convention, in Cleveland, July 21, 2016.
Donald Trump accepts the Republican Party's presidential nomination at the national convention, in Cleveland, July 21, 2016.

ပြင်သစ်မှာ လူ ၁၂ဦးသေစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်သူလို့ သံသယရှိသူ ၂ ဦးနဲ့ သူတို့ပြန်ပေးဆွဲထားသူတဦးကို ရဲတွေက ဝိုင်းထားပြီး၊ ဆွေးနွေးနေစဉ်မှာ နောက်ထပ် အကြမ်းဖက် ပြန်ပေးဆွဲမှုတခု ကုန်စုံဈေးဆိုင်တခုမှာ ဒီနေ့ပဲ ထပ်ဖြစ်နေပါတယ်။

ပါရီမြို့က ဂျုးလူမျိုးတွေ သီသန့်စားသုံးတာတွေရောင်းတဲ့ (Kosher) ကုံစုံဆိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်ပြီး လူများစွာကို ပြန်ပေးဆွဲထားသူဟာကြာသာပတေးနေ့က ပါရီမြို့တောင်ပိုင်းမှာ ရဲမေတဦးကို သတ်ခဲ့တဲ့သူလို့ ယုံကြည်ရကြောင်း ရဲတွေက ပြောပါတယ်။

ဒီတိုက်ခိုက်သူဟာ ပါရီမြို့မှာ ဗုဒ္ဓဟူးနေ့က Charlie Hebdo အပတ်စဉ် မဂ္ဂဇင်းရုံးချုပ်ကို တိုက်ခိုက်မှုမှာ အဓိကပါခဲ့တယ်လို့ သံသယရှိထားတဲ့ Cherif Kouachi နဲ့ Said Kouachi ညီအကိုနဲ့ အဆက်အသွယ် ရနေပြီလို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီမဂ္ဂဇင်းရုံးတိုက်ခိုက်မှုအပြီး ၂ ရက်အကြာ ဒီနေ့မှာ သံသယရှိခံထားတဲ့ ဒီမွတ်ဆလင်ညီအကိုနှစ်ဦး ပုန်းနေတဲ့အဆောက်အဦးကို ရဲကဝိုင်းထားပြီး၊ ဆွေးနွေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ထုတ်ပြောလိုက်ပါတယ်။

သံသယဖြစ်ခံထားရတဲ့ ညီအကိုနှစ်ယောက်က သူတို့ကိုယ်သူတို့ အာဇာနည်တွေအဖြစ်နဲ့ သတ်သေဖို့ ပြင်ဆင်ထားတယ်လို့ ညှိနှိုင်းပေးနေတဲ့ ရဲအရာရှိက ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က အနဲဆုံး လူ တယောက်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ရဲက အတည်ပြု ပေးပါတယ်။

ဒီသံသယဖြစ်နေသူတွေကို ၂ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးတဲ့နောက် ပါရီမြို့ အရှေ့မြောက်ဖက် ၂၄ မိုင်ကျော်အကွာ Dammartin-en-Goele မြို့က စက်မှုဇုံတခုမှာ သူတို့နှစ်ဦး ပုန်းအောင်းနေတဲ့ နေရာကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တွေ၊ ကားတွေ၊ မီးသတ်ကားတွေနဲ့ ဝန်းရံထားတာပါ။

Charles de Gaulle နိုင်ငံတကာလေဆိပ် အနီးနားမှာရှိတဲ့ ဒီမြို့က ဒေသခံတွေကိုလည်း နေအိမ်တွေထဲမှာပဲ နေကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။ သံသယဖြစ်ထားတဲ့ ဒီမွတ်ဆလင်ညီနောင်ကို ဖမ်းနိုင်ဖို့ ရဲ နဲ့ လုံခြုံရေးအင်အား ရှစ်သောင်း ရှစ်ထောင်ကျော်နဲ့ ကြိုးပမ်းနေကြပါတယ်။

XS
SM
MD
LG