သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဝင် မဲရလဒ်မှာ NLD ဆက်လက် ဦးဆောင်


NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကို ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်း။
NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကို ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်း။

အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ ၈၄ ရာခိုင်နှုန်း အနည်းဆုံး အနိုင်ရထားပြီလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရတဲ့ပမာဏထက် များနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပေမယ်လို့ တရားမျှတမှု မရှိဘူးလို့လည်း ပြောပါတယ်။ NLD အနေနဲ့ ဒီကနေ့မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူခဲ့ပြီး၊ အစိုးရဖွဲ့စည်းရေးကိစ္စ အပါအဝင် အကြောင်းရပ် အတော်များများ ဆွေးနွေးထားတယ် ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး အပါအဝင် ချောချောမွေ့မွေ့ အာဏာလွဲှပြောင်းမှုဖြစ်ဖို့အတွက် သူတို့မှာ အသေးစိတ် အစီအစဉ်ရှိထားပါတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက ကိုယ်တိုင်တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခု စလုံးက ရထားတဲ့ စာရင်းတွေ အပြည့်အစုံတော့မဟုတ်သေးဘူး။ အခုအချိန်ထိ ၈၄ % ကျနော်တို့ရထားပါတယ်။

မေး။ ။ အခုအနေအထားက ၁၉၉၀ ခုနှစ်က အန်ကယ်တို့ရထားတဲ့အနေအထားနဲ့ များမယ့် ပုံစံဖြစ်နေတာပေါ့နော်။

ဦးဉာဏ်ဝင်း။ ။ များမယ့် ပုံစံဖြစ်ပါတယ်။

မေး။ ။ အခုရထားတဲ့ ၈၄% က ဘယ်လောက်ထိခိုင်ခိုင်မာမာဖြစ်နိုင်မလဲ။ ဟိုဖက်က စောဒကတက်လာနိုင်တာတွေ ရှိလာနိုင်လား။

ဦးဉာဏ်ဝင်း။ ။ အဲဒါကတော့ ကျနော်တို့ သေခြာမသိပါဘူးခင်ဗျာ။ ဘာလို့ဆိုတော့ တဖက်က တက်လာဖို့ဆိုတာ သူတို့ လုပ်မှ ကျနော်တို့သိမှာ ။ ကျနော်တို့မပြောနိုင်ဘူး။ ကျနော်တို့ပြောနိုင်တာကတော့ အခု ၈၄ ကို ကျနော်ပြောတာ ။ ဒီထက်လျှော့စရာမရှိပါဘူး။

မေး။ ။နောက်တခုက ကြိုတင်မဲကိစ္စပါ။ တော်တော်များများက ကြိုတင်မဲကိစ္စတွေနဲ့ပက်သက်ပြီးတော့ စိုးရိမ်မှုတွေရှိပါတယ်။အခုရွေးကောက်ပွဲမှာ လားရိုးဖက်မှာတော့ဖြစ်တာကြားတယ်။ တခြားအခြေအနေတွေရော ဘယ်လိုရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ကြိုတင်မဲနဲ့ ပက်သက်ပြီးတော့ နေရာအနှံ့အပြားမှာ မကြေလည်တာတွေ တော်တော်များပါတယ်။ ဒါပေမယ့်လို့ သိပ်ထိခိုက်အောင်ဖြစ်တဲ့အဖြစ်မျိုးမရှိဘူး။ လောလောဆယ်တော့ လားရှိးမှာ မပြီးပြတ်သေးတဲ့ ကြိုတင်မဲကိစ္စ ရှိနေပါတယ်။ သူလည်း မပြီးပြတ်သေးတော့ ကျနော်တို့ သိပ်ပြီးတော့ ဝေဖန်ချက်တော့ မပေးချင်ပါဘူး။

မေး။ ။အခု ရွေးကောက်ပွဲလုပ်သွားတာနဲ့ ပက်သက်လို့ အန်ကယ့် သုံးသပ်ချက်ပေါ့။ လွတ်လပ်ပြီးတော့ မျှတတယ်လို့ ပြောနိုင်ပါသလားခင်ဗျာ။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့လွတ်လပ်တယ်။ မျှတမှုတော့မရှိဘူး။ မျှတမှုက ဘယ်မှာ မရှိသလဲဆိုတော့ ကျနော်တို့ voter list တွေ မဲဆန္ဒရှင်စာရင်း ပြုစုတဲ့နေရာမှာ သုံးကြိမ်ထုတ်ပြန်တယ်။ တကြိမ်နဲ့ တကြိမ် system မတူဘူး။ မှားတာလည်း ဆက်တိုက်မှားတယ်။ တော်တော်အံ့သြ ဖို့ကောင်းတယ်။ ကျနော်တို့ ဘယ်သူ့ကိုမှ မစွတ်စွဲချင်ဘူး။ သို့သော် မှားပုံမှားနည်းက နဲနဲ သာမန် ဖြစ်ရိုးဖြစ်စဉ် အများထက် အများကြီးပိုနေတယ်။ ဒါ ကို တရားမျှတမှုကို ဒီအပေါ်မှာ မှုတည်ပြီးတော့ ကျနော်တို့ တရားမျှတပါတယ်လို့ ပြောနိုင်ဖို့ အခြေအနေမရှိပါဘူး။

မေး။ ။အခု အနိုင်ရတဲ့အထဲမှာ ကျနော်တို့သတိထားမသလောက်၊ တိုင်းရင်းသားနယ်မြေမှာ တိုင်းရင်းသားပါတီတွေ တော်တော်များများလည်း အနိုင်ရတာရှိပါတယ်။ ရှမ်းတို့ ရခိုင်တို့ဖက်မှာ ။ ဆိုတော့ ဒီ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး အန်ကယ်တို့ လွှတ်တော်ထဲမှာ ဘယ်လို အစီအစဉ်များရှိပါသလဲ။

ဦးဉာဏ်ဝင်းနဲ့ မေးမြန်းခန်းအပြည့်အစုံကို အသံဖိုင်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG