သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Act စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Waitresses celebrate after closing of a tent on the last day of the Oktoberfest beer festival in Munich, southern Germany, Oct. 3, 2017.
Waitresses celebrate after closing of a tent on the last day of the Oktoberfest beer festival in Munich, southern Germany, Oct. 3, 2017.

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အပြုအမူ ဒါမှမဟုတ် ပြုမူတာလို့အဓိပ္ပါယ်ရတဲ့(Act) ကို အခြေခံတဲ့ Caught in the act, Clean up one’s act နဲ့ Act one’s age တို့ကို တင်ပြထားပါတယ်။

() Caught in the act

Caught (မိတာ)၊ in (အထဲမှာ)၊ the act (လုပ်ရပ်တခု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုကို ပြုလုပ်နေတုန်း မိတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အထူးသဖြင့် လူများ မသိစေချင်လို့ ခိုးလုပ်ပါမှ လုပ်တုန်းလုပ်ခိုက် လက်ပူးလက်ကြပ် မိတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The thieves were caught in the act of trying to break into our neighbor’s home.
ကျနော်တို့ရဲ့အိမ်နီးချင်းအိမ်ထဲ ဖောက်ထွင်းဝင်ဖို့ ကြိုးစားနေတဲ့သူခိုးတွေကိုလက်ပူးလက်ကြပ် မိလိုက်တယ်။

() Clean up one’s act

Clean up (ရှင်းပစ်တာ)၊ one’s (တဦးတယောက်ရဲ့)၊ act (လုပ်ရပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကသူ့ရဲ့လုပ်ရပ်ကိုသူပြန်ရှင်းပစ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က သိပ်မကွာလှပါဘူး။ ကိုယ်လုပ်ထားတဲ့ ပြဿနာ၊ ကိုယ့်ကြောင့် ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူ ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။ တနည်းတော့ မဟုတ်မဟတ်တွေ လုပ်ထားရင် အဲဒီ မဟုတ်တာတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကိုဖြေရှင်းပေးဖို့ အဲဒီလူ မှာတာဝန်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် အကျင့်ဆိုးရှိတဲ့ လူတဦးအနေနဲ့လည်း အဲဒီ အကျင့်ဆိုးကို ဖျောက်ပြီး စိတ်သစ်လူသစ်ဖြစ်အောင်လုပ်ဖို့ရာ ကိုယ်လုပ်ခဲ့တဲ့ မဟုတ်မဟတ်တွေကို ရပ်တန့်ပြီး ဖြေရှင်းပေးဖို့လိုတဲ့အပြင် ရှေ့မှာလည်းအကောင်းဘက်ကိုလမ်းလျှောက်ဖို့ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Tom was warned to clean up his act or get fired!
Tom အနေနဲ့ သူ့ရဲ့ လက်မခံနိုင်စရာရှိတဲ့ အပြုအမှုတွေကို ပြင်ရင်ပြင်၊ မပြင်ရင်တော့ အလုပ်ထုတ်ခံရမယ်လို့ သတိပေးခြင်း ခံခဲ့ရတယ်။

() Act one’s age

Act (ပြုမူတာ)၊ one’s (တဦးတယောက်ရဲ့)၊ age (အသက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်အသက်နဲ့အညီ ပြုမှုနေထိုင်ပါပေါ့။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ မြန်မာမှာ ကိုယ့်အသက်အရွယ်နဲ့လိုက်အောင် နေထိုင်ဖို့၊ လူကြီးဆန်ဆန်နေဖို့ ပြောတာနဲ့ ဆင်တူပါတယ်။ ဘန်းစကားအရတော့ အသက်ကြီးပြီး ကလေးကလား မဆန်ဖို့ ပြောတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe, stop being silly and act your age! People are laughing at you.

Joe ရေ ၊ မင်း အသက်အရွယ်နဲ့လိုက်အောင် နေစမ်းပါကွာ။ ပေါကြောင်ကြောင် လုပ်မနေနဲ့ လူတွေ မင်းကို ရယ်နေကြပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Act နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Caught in the act, Clean up one’s act နဲ့ Act one’s age တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG