သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Meet စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


The eye-wall of Super Typhoon Maysak is seen as it heads west-northwestward through the western Pacific Ocean.
The eye-wall of Super Typhoon Maysak is seen as it heads west-northwestward through the western Pacific Ocean.

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တွေ့တယ်လို့အဓိပ္ပါယ်ရတဲ့ (Meet) ကိုအခြေခံတဲ့အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ More than meets the eye, Where the rubber meets the road နဲ့ Meet one’s Waterloo တို့ကို တင်ပြထားပါတယ်။

() More than meets the eye

More than (ဒါထက်ပိုတာ)၊ meets (တွေ့တာ)၊ the eye (မျက်စိ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်စိနှင့်မြင်တာ၊ တွေ့တာထက် ပိုတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံကလဲ သိပ်မကွာလှပါဘူး။ အပေါ်ယံကြောမှာ မြင်နေတာ သိထားတာထက် မသိသေးတဲ့ အကြောင်းအရာတွေ ရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ တခုခုနဲ့ ပတ်သက်လို့ တခြား မသိတဲ့အကြောင်းအရာတွေ အများကြီး ရှိမှာပဲ၊ အသိမပေးဘဲလျှိုထားတာတွေရှိမှာဘဲလို့ ယူဆရင် There’s more than meets the eye လို့ ပြောလို့ ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company filed for bankruptcy because of very poor sales. But there’s more to the company’s problems than meets the eye.

ကုမ္ပဏီက အရောင်းတွေ သိပ်ကျလွန်းလို့ ဒေဝါလီ ခံလိုက်ရတယ်လေ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ပြဿနာတွေက လူတွေသိထားကြတာထက်အများကြီး ပိုရှိမှာဘဲ။

() Where the rubber meets the road

Where (နေရာကို ညွှန်းပြတာ)၊ the rubber က မြန်မာမှာ ကြက်ပေါင်စေး ကို rubber လို့ ခေါ်သလိုဖြစ်ပြီး၊ the road (လမ်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရာဘာနဲ့ လမ်း တွေ့ဆုံရာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရာဘာလို့ ဆိုရာမှာ ရာဘာ ကြက်ပေါင်စေးနဲ့ ပြုလုပ်တဲ့ မော်တော်ကားတာယာကို ရည်ညွှန်းသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ကားတာယာနဲ့ လမ်း ထိတွေ့တဲ့နေရာလို့ အဓိပ္ပါယ် ယူနိုင်ပါတယ်။ မော်တော်ကားတာယာနဲ့ လမ်းထိတွေ့တယ်ဆိုတာက လက်တွေ့ကျတဲ့သဘောကို တင်စားပြောထားတာ ဖြစ်ပါတယ်။ တာယာနဲ့လမ်း ထိတွေ့တော့မှ တာယာအကြောင်း ကောင်းကောင်းသိသလို၊ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလက်တွေ့ကျတာ၊ ပြဿနာ အကဲစမ်းမှုတွေနဲ့ တကယ်ရင်ဆိုင်ရမယ့် အခြေအနေမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ မြန်မာမှာ စားကြည့်မှ ခါးမှန်းသိသလို၊ နဖူးတွေ့ဒူးတွေ့တကယ်လုပ်ကြည့်မှာ ပြဿနာက ဘယ်လို ရှိသလဲဆိုတာကို ကောင်းကောင်းကြီး သိလာမှာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The peace process in Myanmar depends on both sides stopping clashes. That’s where the rubber meets the road.

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့က နှစ်ဘက်စလုံး ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရပ်ဆိုင်းနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ လက်တွေ့ဖြေရှင်းရမယ့် ပြဿနာက အဲဒီမှာဖြစ်ပါတယ်။

() Meet one’s Waterloo

Meet (တွေ့တာ)၊ one’s (တဦးတယောက်ရဲ့)၊ Waterloo က ဒီနေရာမှာ ပြင်သစ်ဧကရာဇ် Napoleon Bonaparte က ဥရောပတခွင်မှာစစ်ပွဲတွေအကြိမ်ကြိမ် အောင်မြင်ခဲ့လို့ အောင်နိုင်သူကြီးရယ်လို့ တင်စားခေါ်ဝေါ်ခံနိုင်ရချိန်မှာပဲ၊ ၁၈၁၅ ခုနှစ်က မြို့စားကြီး Duke of Wellington နဲ့ တိုက်တဲ့ Waterloo ခေါ်တဲ့ အီတလီမှာ Marengo တိုက်ပွဲအတွင်း အငိုက်မိလို့ Napoleon ရဲ့တပ်တွေဆုံးရှုံးတဲ့အခြေဆိုက်ခဲ့ရာက၊ သူ့ကို ဗြိတိသျှ တွေကဖမ်းဆီးသွားပြီး ၊ ဝေးလံတဲ့ St Helena ကို တကျွန်း ပို့ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ အီဒီယံရဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ မြန်မာမှာ ပြောလေ့ရှိတဲ့ အပွဲပွဲ ဆင်နွှဲခဲ့သမျှတော့ ဒီတချီတော့ ခံလိုက်ရပြီဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ တနည်းတော့ကိုယ့်ထက်သာတဲ့လူနှင့်တွေ့လို့ Knock out ကျပြီးအခြေအနေမလှဖြစ်ရတာ၊ ကိုယ်ဇာတ်လမ်း နိဂုံးချုုပ်ရတဲ့ခြေဆိုက်တာကို Meet your Waterloo ရယ်လို့တင်စားပြောတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John , the big bully finally met his Waterloo when he tried to pick a fight with Tom, who is a black belt in karate.

အများတကာကိုလိုက်ဗိုလ်ကျနေတဲ့ John တယောက် ၊ ကရားတေးမှာ ခါးပတ်အနက်ရထားတဲ့ ချန်ပီယံ Tom ကို သွားရန်စတော့ ၊ ဒီတချီတော့မရှုမလှခံလိုက်ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Meet နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက More than meets the eye, Where the rubber meets the road နဲ့ Meet one’s Waterloo တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG