သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms and Expressions ကဏ္ဍမှာ Fire (မီး) ကို အခြေခံတဲ့ To come under fire, The fat is in the fire နဲ့ Hold one’s fire တို့ကို တင်ပြထားပါတယ်။

() To come under fire

To come (ဖြစ်ဖို့ရှိတာ)၊ under (အောက်)၊ to come under က (တခုခုအောက်ရောက်ဖို့၊ ခံရဖို့) fire (သေနတ်နဲ့ ပစ်ခတ်မှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သေနတ်ပစ်ခတ်မှုကိုခံနေရတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးအနေနဲ့ ဝိုင်းပြီးရန်တွေ့ပြစ်တင်ဝေဖန်ရှုတ်ချခံရတာ ဖြစ်ပါတယ်။ မြန်မာဘန်းစကားမှာတော့ အထောင်းခံရတယ်၊ အဆူခံရတယ်၊ အဟောက်ခံရတယ်၊ အပြောခံရတယ်၊ အပြစ်တင်ခံရတယ် စသဖြင့်နဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Prime Minister came under fire when he announced a postponement in the elections.

ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကို ရွှေ့ဆိုင်းမယ်လို့ ကြေညာလိုက်တော့ ဝန်ကြီးချုပ်အနေနဲ့ ဝိုင်းပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတယ်။

() The fat is in the fire

The fat က (အဆီ)၊ is (ရှိနေတာ)၊ in (အထဲမှာ)၊ the fire (မီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဆီဟာ မီးထဲကျသွားတာ ဖြစ်ပါတယ်။ ဟင်းချက်ရာမှာ ဟင်းအိုးထဲက အဆီဖတ်ဟာမတော်တဆ၊မီးထဲကျခဲ့သွားတယ်ဆိုရင်အရည်ပျော်သွားမှာဖြစ်ပြီး၊ မီးထတောက်မဲ့အန္တရာယ်ရှိတာဖြစ်ပါတယ်။ အဆီဖတ်အရည်ပျော်သွားပြီးမီးထတောက်သလို၊နေ့စဉ်ဘဝမှာ၊ အခြေအနေတခုခုဟာခြေလွန်လက်လွန်ဖြစ်သွားပြီး၊ အခြေအနေမလှဖြစ်ရတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ဖြစ်ပေါ်လာတဲ့ အခြေအနေတခုခုကြောင့် အန္တရာယ်ဖြစ်တော့မယ်၊ ဒုက္ခလှလှကြီးတွေ့တော့မယ်၊မြန်မာဘန်းစကားမှာတော့ ကိုယ်ကျိုးနည်းတော့မယ် ပြောတာနဲ့ တူတယ်လို့ ပြောရမှာပါ။ အသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The fat is in the fire. John’s son has dropped out of college and got married.

ဒုက္ခတော့လှလှကြီးရောက်တွေ ့မယ်။ John ရဲ့သားကကောလိပ်ကျောင်း ဆက်မတက်တော့ဘဲ၊ မိန်းမယူလိုက်တယ်။

() Hold one’s fire

Hold က (ဆိုင်းထားပါ၊ ရပ်ထားပါ) ၊ one’s (တဦးတယောက်ရဲ့)၊ fire (သေနတ်နဲ့ ပစ်ခတ်မှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သေနတ်ပစ်ခတ်မှုကိုရပ်ထားပါ၊ ဆိုင်းထားပါဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ဝိုင်းပြီးတိုက်ခိုက်၊ ဝေဖန်ပြောဆိုနေတာတွေ၊ ဆူဆဲရန်တွေ့နေတာတွေကိုအလောမကြီးဘဲခေတ္တရပ်ထားဖို့ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary was told by her mother to hold her fire and listen to her brother’s explanation, first.

Mary အနေနဲ့ ရန်တွေ့ဖို့ အလောမကြီးဘဲ၊ သူ့မောင်ပြောချင်တာကို ပထမ နားထောင်ဖို့ သူ့အမေက ပြောလိုက်တယ်လေ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Fire နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက To come under fire, The fat is in the fire နဲ့ Hold one’s fire တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG