သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Heart (အသည်းနှလုံး) စကားလုံးဝေါဟာရကို အခြေခံတဲ့ heart and soul, eat your heart out နဲ့ lose heart စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

(၁) Heart and soul

Heart (အသည်းနှလုံး)၊ Soul (အသက်ဝိညာဉ်) ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသည်းနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသည်းရော၊ အသက်ရော ဆိုတော့ နှစ်နှစ်ကာကာ ရာနှုန်းပြည့်ခံစားချက် ဒါမှမဟုတ် အခရာ အကျဆုံးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mr. and Mrs. Smiths just celebrated their golden wedding anniversary. They are happily married and loved each other with heart and soul.
Mr. နဲ့ Mrs. Smiths တို့နှစ်ယောက် သူတို့ ရွှေရတုမင်္ဂလာပွဲကို မကြာမီကပဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးကလည်း စိတ်ချမ်းသာစရာ ဖြစ်သလို တဦးပေါ်တဦးလည်း အသက်တမျှ ချစ်ကြတယ်။

(၂) Eat your heart out

Eat (စားသည်)၊ Your (သင်၏)၊ Heart (အသည်းနှလုံး)၊ Out ရဲ့ ကြိယာဝိသေသန (adverb) က အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာတော့ ကုန်ခန်းသွားတယ် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသည်းကို ကုန်သွားအောင် စားပစ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ထဲမှာ နာနာကျည်းကျည်း ခံစားရတာ၊ ဝမ်းနည်းကြေကွဲလွန်းလို့၊ မနာလို သဝန်တိုစိတ် ရှိလွန်းလို့ ခံစားရတာ၊ မရနိုင်တာကို ဆွေးတမြေ့မြေ့နဲ့ ခံစားရတာမျိုး စသည်ဖြင့် အခြေအနေအလိုက် အသုံးပြုနိုင်ပါတယ်။ တခါတရံလည်း လူတဦးဦးကို မခံမရပ်ဖြစ်အောင် ပြောတဲ့နေရာမှာလည်း ပြောဆိုနိုင်ပါတယ်။ မင်းမနာလိုဖြစ်ရင်လည်း ဖြစ်ပေါ့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျမတို့မြန်မာမှာတော့ မခံချိမခံသာဖြစ်အောင်၊ ဆွေးတမြေ့မြေ့ဖြစ်အောင် လုပ်တာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Eat your heart out my friend. Our team won the first prize.
မင်းမခံချင်အောင် ပြောရအုန်းမယ် သူငယ်ချင်းရေ ငါတို့အသင်းက ပထမဆု ရရှိတယ်။

Eat your heart out ရဲ့ နောက်အဓိပ္ပါယ်တမျိုးကတော့ မခံချိမခံသာဖြစ်တာ၊ စိတ်ဆင်းရဲတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary left John for another guy. So John eating his heart out wondering what he did wrong.
Mary က နောက်တယောက်တွေ့လို့ John ကို ပစ်သွားခဲ့တယ်။ John က သူ ဘာများ အမှားလုပ်မိပါလိမ့်လို့ တွေးပြီး ဆွေးပြီးကျန်ရစ်ခဲ့တယ်။

(၃) Lose heart
Lose (ဆုံးရှုံးသည်)၊ Heart (အသည်းနှလုံး) တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသည်းနှလုံး ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ heart ကို ဒီနေရာမှာ စိတ်ဓါတ်အဖြစ်၊ သတ္တိအဖြစ် ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lose heart က စိတ်ဓါတ်ကျတာ၊ အားလျော့တာ၊ အားမရှိတာ၊ ယုံကြည်စိတ်ချမှု လျော့နည်းလာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အလုပ်က ဖြုတ်ခံရတဲ့လူတဦးကို အားပေးတဲ့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Please don’t lose heart. Keep trying. There will be other chances to get a better job.
မင်းစိတ်ဓါတ် မကျပါနဲ့ကွာ။ ဆက်လက်ကြိုးစားပါ။ ပိုကောင်းတဲ့အလုပ်ရဖို့ တခြားအခွင့်အလမ်းတွေလည်း ပေါ်လာမှာပါ။

Lose heart အသုံးမှာ your ကို ထည့်ပြီး lose your heart ဆိုပြီးသုံးရင် အဓိပ္ပါယ်က ပြောင်းသွားပါတယ်။ ကိုယ့်အသည်းကို တခြားလူတယောက်ကို ပေးလိုက်တာဆိုတော့ အဲဒီလူအပေါ် မေတ္တာရှိတာ ဖြစ်နိုင်သလို၊ တခုခုကို စွဲမက်ခုံမင် နှစ်သက်တာကိုလည်း ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe lost his heart to Mary ten years ago when he saw her at a party. They soon got married and now they have three kids.
လွန်ခဲ့တဲ့ (၁၀) နှစ်က Mary ကို John က ပါတီတခုမှာ စတွေ့ချိန်ကပဲ မြင်မြင်ချင်း မေတ္တာရှိခဲ့တယ်။ မကြာခင်မှာပဲ သူတို့ လက်ထပ်လိုက်ကြပြီး အခုဆိုရင် သားသမီး (၃) ယောက် ရနေပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Heart စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက heart and soul, eat your heart out နဲ့ lose heart တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG