သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Line စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


 Allyson Felix crosses the finish line to win gold.
Allyson Felix crosses the finish line to win gold.

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျဉ်းကြောင်း (Line) ဝေါဟာရကို အခြေခံတဲ့ Put your life on the line, Cross the line နဲ့ To be out of line တို့ကိုတင်ပြထားပါတယ်။

() Put your life on line

Put (ထားတာ)၊ your life (သင့်ရဲ့အသက်)၊ on (အပေါ်မှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်အသက်ကို မျဉ်းကြောင်းပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မျဉ်းကြောင်း (line) က အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ စည်းတခုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဆိုလိုတာက တခုခုနဲ့ ပတ်သက်လို့ စည်းတားထားတာ အမြဲရှိပြီး၊ စည်းကျော်ရင်တော့ တနည်းမဟုတ်တနည်း ကိုယ့်အတွက် အန္တရာယ် ကျရောက်နိုင်တဲ့သဘော ဖြစ်ပါတယ်။ ဒီနေရာမှာအသက်နှင့် ပတ်သက်လို့ရင်းပြီး လုပ်ရတာမို့၊ အီဒီယံအဓိပ္ပါယ်က အသက်စွန့်ပြီး တခုခုကိုလုပ်ရတဲ့ အခြေအနေမျိုး ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Secret service agents put their lives on the line when guarding the President.
Secret service အမှုထမ်းတွေက သမ္မတ လုံခြုံရေးကို အသက်ပေး ကာကွယ်စောင့်ရှောက်ကြရတယ်။

() Cross the line

Cross (ဖြတ်တာ)၊ the line (မျဉ်းကြောင်း ဒါမှမဟုတ် စည်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စည်းကိုကျော်တာ၊မျဉ်းကြောင်းကိုဖြတ်ကျော်တာဖြစ်ပါတယ်။ဒီနေရာမှာမျက်စိနှင့်မြင်နိုင်တဲ့တားထားတဲ့ဲ့စည်းကိုဖြတ်

ရင်၊ ဥပဒေအရအရေးယူခံရနိုင်ဖွယ်ရှိသလို၊ နေ့စဉ်ဘဝမှာ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အပြုအမူှု၊ အပြောအဆိုမျိုးကိုကျူးလွန်မိခဲ့တယ်ဆိုရင် ဒီအသုံး Idiom ကို ရည်ညွှန်းသုံးနိုင်ပါတယ်။ လူတွေအနေနှင့် ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စဘဲဖြစ်ဖြစ်၊ အလုပ်အကိုင်မှာဘဲဖြစ်ဖြစ်၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ စောင့်စည်းရမဲ့ကျင့်ဝတ်တွေရှိတာ ဖြစ်ပါတယ်။ ဒီစည်းစောင့်ရမယ့် အပြုအမှုတွေကို မထိန်းသိမ်းဘဲ၊ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိတယ်ဆိုရင် အများက လက်ခံကြမှာ မဟုတ်ပါဘူး။ Cross the line အီဒီယံရဲ့သွယ်ဝိုက်အဓိပ္ပါယ်ကလည်း မလုပ်သင့်မလုပ်ထိုက်တာ၊ မလုပ်အပ်တာကို လုပ်မိတာကိုဆိုလိုတာ ဖြစ်ပါတယ်။ တနည်း မြန်မာဘန်းစကားမှာ လွန်ရာကျတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The police crossed the line when they brutally beat the peaceful protesters.
ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို ရဲက ရက်ရက်စက်စက် ရိုက်နက်ခဲ့တာဟာ ရဲဖက်က လွန်ရာကျလွန်တယ်။

(၃) To be out of line

To be (ဖြစ်စေတာ)၊ out of (အပြင်ဘက်ကိုရောက်နေတာ)၊ line (မျဉ်းကြောင်း) of (တခုခုရဲ့) ဖြစ်ပြီး စကားစုတခုလုံးရဲ့ မျဉ်းကြောင်းရဲ့ အပြင်ဘက်ကို ရောက်နေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဖြစ်သင့်၊ ရှိသင့်တာထက် လွန်ကဲနေတာ၊ ပိုနေတာ ဖြစ်ပါတယ်။ ဥပမာ စကားပြောရာမှာ၊ သူများစိတ်ဆိုးစရာ၊ ဒေါသထွက်စရာ၊ စိတ်ဆင်းရဲစရာ၊ စိတ်ထိခိုက်စရာမျိုး ပြောမိတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ အပြုအမူဆိုရင်လည်း တရားလွန်ဖြစ်တာ၊ နည်းလမ်းတကျ မဖြစ်တာ၊ စည်းကျော်၊ ဘောင်ကျော်နေတာမျိုးကို ဆိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our boss’s remarks at the meeting to Mary was way out of line. She didn’t deserve such criticism!
ကျနော်တို့ ဆရာသမားက စည်းဝေးမှာ Mary ကို ပြောလိုက်တဲ့စကားဟာ သိပ်ကိုလွန်ရာကျတယ်။ သူ့ကိုအဲဒီလို ဝေဖန်ပြစ်တင်ဖို့မသင့်ဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Line စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Put your life on the line, Cross the line နဲ့ To be out of line တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG