သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Speak စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


His Holiness the Dalai Lama speaking to members of the Tibetan community
His Holiness the Dalai Lama speaking to members of the Tibetan community

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ စကားပြောတယ် (Speak) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Speak off the cuff, Speak volumes နဲ့ Speak the same language တို့ကို တင်ပြထားပါတယ်။

(၁) Speak off the cuff

Speak (စကားပြောတာ)၊ off (တနေရာကနေ)၊ the cuff (အင်္ကျ ီလက်အနား) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အင်္ကျ ီလက်အနားကနေ စကားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေးတုန်းကလူတွေ မိန့်ခွန်းပြောကြမယ်ဆိုရင် အများအားဖြင့် စာရွက်မှာ ရေးမှတ်ထားတာကို ကြည့်ပြီးပြောလေ့ရှိကြပေမဲ့ တချို့ကျတော့ အထူးသဖြင့် အမျိုးသားတွေက သူတို့ပြောချင်တာ မမေ့ရအောင် အင်္ကျ ီလက်အနားပိုင်းမှာ ရေးချထားပြီး အဲဒီကနေကြည့်ပြီး ပြောရာကနေ ဒီအသုံး ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တနည်းတော့ ကိုယ်ပြောချင်တဲ့ မိန့်ခွန်းကို စနစ်တကျ ကြိုတင်မပြင်ဆင်ထားမိလို့ လက်တန်းပြောတာကို Speak off the cuff ရယ်လို့ အီဒီယံက ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘဲ၊ အခြေအနေအရ ကြုံရင်ကြုံသလို လက်တန်းပြောလိုက်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ အစည်းအဝေးပွဲတခုက ထွက်လာတဲ့ နိုင်ငံရေးသမားတဦးကို သတင်းထောက်တဦးက ကြုံလို့မေးခွန်း မေးလိုက်တာကို၊ အဲဒီနိုင်ငံရေးသမားက လက်တန်းပြန်ဖြေလိုက်တယ်ဆိုရင် Speak off the cuff ရယ်လို့ သုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Education minister spoke off the cuff to reporters after the meeting that there will be reforms in basic education.
ပညာရေးဝန်ကြီးက အစည်းအဝေးကအထွက်မှာ သတင်းထောက်တွေကို ကြုံကြိုက်လို့ ပြောခဲ့တာက၊ အခြေခံပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်ဆိုတာပါဘဲ။

(၂) Speak volumes

Speak (စကားပြောတာ)၊ volumes က အဓိပ္ပါယ်အမျိုးမျိုးရှိပြီး ဒီနေရာမှာတော့ အသံကျယ်တာလို့ အဓိပ္ပါယ်ရပါတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသံကျယ်ကျယ်နဲ့ ပြောတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေကို အကဲခတ်ရာမှာ ထင်ထင်ရှားရှား ပေါ်လွင်စေတာကို ဆိုလိုပါတယ်။ ဥပမာ ရပ်ကွက်တခုမှာ လမ်းတွေကပျက်နေတယ်၊ တဲအိမ်တွေက ယိုင်ယိမ်းနေတယ်ဆိုနေရင် အဲဒီအပြင်ပန်း အသွင်အပြင်အရ ဒီရပ်ကွက်ဟာ မရှိဆင်းရဲရပ်ကွက် ဖြစ်တယ်ဆိုတာကို ကောင်းကောင်းကြီး ပေါ်လွင်စေတာ ဖြစ်ပါတယ်။ တနည်း ပြင်ပန်းသဏ္ဍာန်ကို ကြည့်ချင်အားဖြင့် ကောင်းကောင်း နားလည်သဘောပေါက်နိုင်တာကို Speak volumes အီဒီယံအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The muddy roads and the rickety huts speak volumes that local authorities have neglected this area!
အဲဒီရပ်ကွက်ဟာ လမ်းတွေကလည်း ဗွက်ထူ၊ တဲအိမ်တွေကလည်း ယိမ်းယိုင်ဆိုတော့၊ ဒေသခံအာဏာပိုင်တွေ လစ်လျူရှုခံထားရတယ်ဆိုတာ ကောင်းကောင်းကြီး ပေါ်လွင်ပါတယ်။

(၃) Speak the same language

Speak (စကားပြောတာ)၊ the same (အတူတူ)၊ language (ဘာသာစကား) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြောတဲ့ဘာသာစကားချင်းတူနေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အမြင်ချင်းတူတာ၊ အကြိုက်ချင်းတူတာ၊ အပေါင်းအသင်းလုပ်လို့ ရတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ အချင်းချင်းပဲ ဖြစ်တယ်လို့ ပြောသလိုပေါ့။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My brother and I don’t speak the same language when it comes to politics.
နိုင်ငံရေးနဲ့ ပတ်သက်လာရင် ကျနော်နဲ့ ကျနော့်ညီကတော့ အမြင်ချင်း မတူကြဘူး။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Idioms အသုံးတွေက Speak off the cuff, Speak volumes နဲ့ Speak the same language တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG