သုံးရလွယ်ကူစေသည့် Link များ

Special sales စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း

Şimali Koreya - U-23 Furbol matçı

Şimali Koreya - U-23 Furbol matçı

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အထူးလျှော့ဈေးရောင်းချမှု (Special sales) နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေဖြစ်ကြတဲ့ Early bird sale, Door buster နဲ့ Black Friday sale တို့ကို တင်ပြထားပါတယ်။

() Early bird sale

Early (စောစော)၊ bird (ငှက်)၊ sale (အထူးလျှော့ဈေးနဲ့ရောင်းခြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စောစောထတဲ့ ငှက်အတွက် အထူးလျှော့ဈေးနဲ့ရောင်းခြင်းဖြစ်ပါတယ်။ ဒီအသုံးက The early bird gets the worm ဆိုတဲ့ မနက်စောစောထ ရှာတဲ့ ငှက်က တီကောင် ရစမြဲ ဆိုတဲ့ ဆိုရိုးစကားကနေဆင်းသက်လာတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ပွဲတော်ရက်တွေမှာဆိုင်တွေကပစ္စည်းတွေကို Sale ဆိုတဲ့အထူးလျှော့ဈေးနှင့်ရောင်းကြပါတယ်။ ဈေးဝယ်သူတွေကိုဆွယ်တဲ့နည်း အမျိုးမျိုးအနက် တခုက မနက်စောစောဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်ပြီး တန်းစီစောင့်နေတဲ့လူတွေကို ဥပမာ အားဖြင့်ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို တဝက်လျှော့ဈေးနှင့်ဆိုင်ဖွင့်စနာရီပိုင်းမှာရောင်းမယ်လို့ ကြေငြာပြီး၊ အဲဒီသတ်မှတ်ချိန်အတွင်းမှာ အထူးလျှော့ဈေးနှင့်ဦးရာလူကိုရောင်းချပေးတာဖြစ်ပါတယ်။ ဒါကြောင့် Early bird sale ရဲ့ အီဒီယံအဓိပ္ပါယ်က ဦးရာလူ ကိုအထူးလျှော့ဈေး ရောင်းတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Tomorrow, Saturday , there’s big savings at the early bird sale at Century furniture store. Everything is thirty percent off! Doors open at 6, and prices are good until 10 o'clock.
မနက်ဖြန် စနေနေ့မှာ ဦးရာလူ အထူးလျှော့ဈေးနှင့် Century ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ သိပ်ကိုဈေးသက်သာမှာ။ ပစ္စည်းအားလုံးသုံးဆယ်ရာခိုင်နှုန်း လျှော့ရောင်းမှာ။ ဆိုင်တံခါးမနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ အဲဒီလျှော့ဈေးနဲ့ ရောင်းမှာ။

() Door buster

Door (တံခါး)၊ Buster က (ဖောက်ဝင်၊ဖျက်ဝင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တံခါးကို ဖောက်ဝင်တာ ဖြစ်ပါတယ်။ ပွဲတော်ရက်ကာလ အထူးလျှော့ဈေးတွေနဲ့ ရောင်းချိန်မှာ ဆိုင်တံခါးစဖွင့်တဲ့နာရီအစောပိုင်းမှာအချိန်ကန့်သတ်ပြီးပစ္စည်းတွေကိုဈေးနှုန်းအထူးလျှော့ထားတာကြောင့် ဝယ်သူတွေက သူထက်ငါ အလုအယက် တံခါးကိုဖျက်ဝင်ကြတော့မယ့် ပုံစံမျိုးကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့အီဒီယံအဓိပ္ပါယ်က ဆိုင်တံခါးဖွင့်စ အလုအယက်ဝယ်ရလောက်အောင် အထူးသက်သာတဲ့ဈေးနှင့်ရောင်းတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Hey, John let's go early to Walmart this weekend ! The door buster sale they have until 10 o'clock has pretty good deals!
John ရေ၊ ဒီသတင်းပတ်ကုန် Walmart ကို စောစောသွားကြရအောင်။ အဲဒီမှာ ဆိုင်တံခါးဖွင့်ပြီး မနက် ၁၀ နာရီအထိ ရောင်းမယ့် လျှော့ဈေးတွေကသိပ်ကိုတန်တာဘဲ။

() Black Friday sale

Black (အမည်းရောင်)၊ Friday (သောကြာနေ့)၊ sale (အထူးလျှော့ဈေးနဲ့ ရောင်းတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အထူးလျှော့ဈေးနဲ့ရောင်းတဲ့ အမည်းရောင် သောကြာနေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့ဟာ နိုင်ငံတဝှမ်း အားလပ်ရက် ဖြစ်ပါတယ်။ ကြာသပတေးနေ့အပြီး နောက်တရက် သောကြာနေ့မှာ ဈေးဝယ်သူတွေက ရုံးအားလပ်ရက်ဖြစ်တဲ့ ကြာသပတေးနဲ့ဆက်ပြီး သောကြာနေ့ ခွင့်ယူကာ စနေ၊ တနင်္ဂနွေ (၄) ရက်ဆက်တိုက် အနားယူရာမှာ အဲဒီအားလပ်ချိန်အတွင်းမှာ ဈေးဝယ်သူတွေ အပြိုင်အဆိုင် ဈေးဝယ်ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် လျှော့ဈေးတွေကလည်း အပြိုင်အဆိုင် လျှော့ကြလို့ ဖြစ်ပါတယ်။

Black Friday အသုံးအနှုန်းကို ရှင်းပြရမယ်ဆိုရင် စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမည်းနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် အရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမည်းနဲ့ ပိတ်တာကနေဆင်းသက်လာတာပါ။ တနည်းအားဖြင့် အရောင်းကောင်းတဲ့ သောကြာနေ့မှာ အမြတ်တွေ အများကြီးရတဲ့နေ့ဖြစ်ပါတယ်။ Black Friday sale ရဲ့အီဒီယံအဓိပ္ပါယ်က ကျေးဇူးတော်နေ့အပြီး နောက်တနေ့ သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ ရောင်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Bargain shoppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs!
လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ လူတွေကနိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ နေမထွက်ခင်ကတည်းကပြေးကြတော့တာဘဲ။ ကလေးကစားစရာ အရုပ်တွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ကြဖို့ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Special sale စကားလုံးကို အခြေခံတဲ့ idiom အသုံးတွေက Early bird sale, Door buster နဲ့ Black Friday sale တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG