သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Throw စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Students celebrate after graduating from Harvard University on May 28, 2015, in Cambridge, Massachusetts.
Students celebrate after graduating from Harvard University on May 28, 2015, in Cambridge, Massachusetts.

ဒီတပတ် English American Style Idioms ကဏ္ဍမှာ (ပစ်တယ်) လို့အဓိပ္ပါယ်ရတဲ့ Throw ဝေါဟာရကို အခြေခံတဲ့ Throw in the towel, Throw cold water on နဲ့ Throw a monkey wrench into တို့ကို တင်ပြထားပါတယ်။

() Throw in the towel

Throw (ပစ်လိုက်တာ)၊ in (အထဲမှာ)၊ the towel (မျက်နှာသုတ်ပုဝါ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာသုတ်ပုဝါကို ပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီ အသုံးက လက်ဝှေ့ထိုးပွဲကနေ ဆင်းသက်လာတာပါ။ လက်ဝှေ့ပွဲတွေမှာ လက်ဝှေ့ထိုးသမားတွေက မျက်နှာသုတ်ပုဝါနဲ့ ချွေး၊ သွေးစသဖြင့်တို့ကို သုတ်ကြရတာဖြစ်ပါတယ်။ လက်ဝှေ့သမားတဦးက သူ့ မျက်နှာသုတ်ပုဝါကို လက်ဝှေ့ကြိုးဝိုင်းအတွင်းကို ပစ်ချလိုက်တဲ့ အဓိပ္ပါယ်က သူ့အနေနဲ့ မျက်နှာသုတ်ပုဝါ သုံးစရာ မလိုတော့ဘူး၊ သူပွဲကနေထွက်တယ်၊ ဆက်မထိုးတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအပြုအမှုရဲ့အဓိပ္ပါယ်က သူ အရှုံးပေးတယ်၊ ဆက်မလုပ်တော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ တခုခုကို ဆက်မလုပ်တော့ဘူး၊ ရပ်တော့မယ်။ လက်မြှောက်အရှုံးပေးတယ်ဆိုရင် Throw in the towel လို့ရည်ညွှန်းပြောပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some presidential candidates have thrown in the towel early in the race due to lack of public support.

သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယှဉ်ပြိုင်လိုကြသူတချို့ကလူထုထောက်ခံမှုကို မရတဲ့အတွက် ပြိုင်ပွဲကနေ ခပ်စောစောပဲ နှုတ်ထွက်သွားကြတယ်။

() Throw cold water on

Throw (ပစ်တာ၊ပက်တာ)၊ cold (အေးတာ)၊ water (ရေ)၊ on (အပေါ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုအပေါ်ကို ရေအေးနဲ့ ပက်လိုက်တာ ဖြစ်ပါတယ်။ တခါတရံလဲ ဒီအသုံးမှာ Throw အစား လောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့ Pour ဝေါဟာရကို အသုံးပြုပြီး Pour cold water on လို့လည်း သုံးပါတယ်။ တခုခုအပေါ်ကို ရေအေး လောင်းလိုက်တယ်ဆိုတဲ့အီဒီယံအဓိပ္ပါယ်က လူတွေ စိတ်ဝင်စားနေတာ၊ ပြောနေဆိုနေကြတဲ့ကိစ္စရပ်အပေါ်မှာ စိတ်ဝင်စားမှုလျှော့အောင်၊ အားမပေးရာရောက်တဲ့ ပြောဆိုဝေဖန်မှုမျိုး ပြုလုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary’s father threw cold water on the idea of his daughter studying abroad.

Mary ရဲ့ အဖေက သူ့သမီး နိုင်ငံခြားမှာ စာသွားသင်မယ်ဆိုတဲ့ အကြံကို အားမပေးဘူး။

() Throw a monkey range into

Throw (ပစ်တာ)၊ a (တခု)၊ monkey wrench က ဒီနေရာမှာ စက်ပြင်ရာမှာသုံးတဲ့ မြန်မာအခေါ်မှာတော့ ဂွရှင် ဒါမှမဟုတ် စပန်နာ (spanner) ဖြစ်ပါတယ်။ ဒီအသုံးဟာ (၁၉) ရာစုနှစ်က စတင်အသုံးပြုလာတာဖြစ်ပြီး၊ ထိုစဉ်က လစာနည်းတဲ့ စက်ရုံအလုပ်သမားတွေအနေနဲ့ စက်ရုံမှာ အလုပ်လုပ်ရတာ မနားရတဲ့အခါမှာ ၊ စက်ရပ်သွားရလေအောင ်လည်နေတဲ့စက်ထဲကို စပန်နာ ကို ပစ်ထည့်လိုက်မတဲ့အခါ၊ စက်ပျက်ပြီး ရပ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ ပုံမှန်လည်ပတ်နေတဲ့အစီအစဉ်၊ လုပ်ငန်းကို ပျက်စီးစေဖို့၊ အကြံအစည်ကိုအနှောင့်အယှက် ဖြစ်စေဖို့ တခုခုလုပ်လိုက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မအောင်မြင်ရလေအောင်၊ ကမောက်ကမဖြစ်ရလေအောင် ဟန့်တားလိုက်တဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John threw a monkey wrench into the group’s plan. He told us he has decided to leave the project.

John က သူတို့အုပ်စု အစီအစဉ် ပျက်သွားရလေအောင် လုပ်ချလိုက်တယ်။ သူက စီမံကိန်းက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကျနော်တို့ကို ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Throw ကို အခြေခံပြီး ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Throw in the towel, Throw cold water on နဲ့ Throw a monkey wrench into တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG