သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုအစိုးရရှေ့နေချုပ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားရာ Ferguson ကိုရောက်


အမေရိကန်ပြည်ထောင်စုမှာ မငြိမ်မသက်ဖြစ်နေတာ ၁၁ ရက်ရှိနေပြီဖြစ်တဲ့ Missouri ပြည်နယ် Ferguson မြို့ကို ရှေ့နေချုပ် Eric Holder ရောက်နေပြီး လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ မြို့ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ရဲရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တယောက် သေဆုံးခဲ့ပြီးနောက် အဲဒီမြို့မှာ ဆန္ဒပြမှု၊ လုယက်မှုတွေ ဖြစ်ပွားနေတာပါ။

အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ အတွေ့အကြုံအရှိဆုံး စုံစမ်းစစ်ဆေးရေးအရာရှိတွေ၊ တရားရေးအရာရှိတွေကို တာဝန်ပေးထားတယ်လို့ Mr. Holder က Ferguson ကပြည်သူတွေကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်ကို သေဆုံးအောင်ပစ်ခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ အစိုးရရှေ့နေတွေဘက်က အထောက်အထားတွေကို စတင်တင်ပြဖို့ရှိတဲ့ တရားရုံးတခုရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။

Clayton မြို့က ဂျူရီအဖွဲ့က အထောက်အထားတွေကို သုံးသပ်ပြီး ၁၈ နှစ်အရွယ် Michael Brown ကို သြဂုတ်လ ၉ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိ Darren Wilson ကို စွဲချက်တင်သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်၊ လစာနဲ့ခွင့်ပေးထားတဲ့ ရဲအရာရှိ Wilson ကို ဖမ်းဆီးအရေးယူဖို့ Brown ရဲ့ မိသားစုတွေ၊ ထောက်ခံသူတွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG