သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှု EU စိုးရိမ်မကင်း


ရန်ကုန်ု EU ရုံးရှေ့ ကျောင်းသားဆန္ဒပြ ။ သတင်းဓာတ်ပုံ- ကိုထက်အောင် (VOA မြန်မာပိုင်း)
ရန်ကုန်ု EU ရုံးရှေ့ ကျောင်းသားဆန္ဒပြ ။ သတင်းဓာတ်ပုံ- ကိုထက်အောင် (VOA မြန်မာပိုင်း)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို EU ဥရောပသမဂ္ဂက လေ့ကျင့်သင်တန်းပေးရတဲ့ရည်ရွယ်ချက်က လူ့အခွင့်အရေးဆိုတာကို ပိုမို သိရှိနားလည်စေဖို့ဖြစ်တယ်လို့
EU ကပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ်တွေ ကြာသပတေးနေ့က
ရိုက်နှက်ဖမ်းဆီးမှုဖြစ်ခဲ့ပြီးနောက် ဒီဖြစ်ရပ်တွေအပေါ် EU ကစိုးရိမ်တယ်လို့ ရန်ကုန်မြို့ EU ကိုယ်စားလှယ်ရုံးက သူ့ရဲ့ FB စာမျက်နှာမှာ ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းပေးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာကို
အလေးထားသိစေချင်သလို လူအုပ်ကို မထိန်းနိုင်တဲ့ နောက်ဆုံးအခြေအနေရောက်မှသာ မျှတတဲ့အင်အား သုံးသင့်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်ခြင်းဖြင့် နောက်ထပ် သင်တန်းတွေပေးဖို့ လိုအပ်နေတယ်ဆိုတာကို ထောက်ပြနေတယ်လို့လည်း
ဆိုထားပါတယ်။ ရဲတပ်ဖဲ့ွနဲ့အတူ လက်ပတ်နီ ပတ်ထားကြသူတွေက ဆန္ဒပြသူတွေကို အတင်း ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန် EU ရုံးရှေ့မှာ
ကျောင်းသားအဖွဲ့တွေ ဆန္ဒပြခဲ့ကြတာပါ။ EU ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုသာ သင်တန်းပေးတာဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကို လေ့ကျင့် သင်ကြားပေးခြင်း မရှိဘူးဆိုတာကိုလည်း ရန်ကုန်မြို့က EU ကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဥပဒေဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်းစုဝေးခွင့်တို့ဟာ ဒီမိုကရေစီရဲ့ အဓိက အနှစ်သာရဖြစ်တယ်လို့လည်း EU က ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ဖမ်းဆီးတာ၊ အင်အာသုံးဖြိုခွဲတာဟာ ဒီမိုကရေစီစနစ်ဆီ အပြည့်အဝအသွင်ပြောင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်းစုဝေးခွင့်ကို အမေရိကန်က အလေးထားသလို ဒါဟာ ဒီမိုကရေစီလူ့ဘောင်တိုင်းအတွက် အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG