သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး တိုးမြှင့်ဖို့ EU ဝန်ကြီးတွေ တွေ့ဆုံ


ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံ့ခေါင်းဆောင်များ ငြိမ်သက်နေကြစဉ်။
ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံ့ခေါင်းဆောင်များ ငြိမ်သက်နေကြစဉ်။

ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ရေး နည်းလမ်း ရှာဖွေဖို့ ဥရောပသမဂ္ဂ EU တရားရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီးတွေ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဆွေးနွေးကြပါတယ်။

ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှုမှာ သံသယရှိသူ နောက်တဦးကိုဖမ်းမိဖို့လည်း ရဲတပ်ဖွဲ့က ဆက်ရှာနေကြပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၁ ယောက်ထက်မနည်းသေဆုံးပြီး ၃၀၀ လောက် ဒဏ်ရာရခဲ့တာပါ။

အင်္ဂါနေ့မနက်ပိုင်းက Maelbeek ရထားဘူတာရုံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ပုံရတဲ့ ဒုတိယလူကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်ရှာနေတယ်လို့ ဘယ်လ်ဂျီယံသတင်းဌာနတွေက ပြောပါတယ်။ လူ ၂၀ သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရတဲ့ ဘူတာရုံတိုက်ခိုက်မှုမှာ ပါဝင်သူတဦးအဖြစ် Khalid El Bakraoui ကို အာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြပါတယ်။

ဒါပေမဲ့ ဒုတိယလူတယောက်ဟာ အိတ်ကြီးတလုံးကိုသယ်ပြီး El Bakraoui နဲ့အတူ လမ်းလျှောက်သွားတာကို Maelbeek ဘူတာ ရုံမှာရှိတဲ့ လုံခြုံရေးကင်မရာတွေကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုမှာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့အတည်ပြုချက်ကို ကိုးကားပြီး ဘယ်လ် ဂျီယံထုတ် Le Soir သတင်းစာကရေးပါတယ်။

Elbakraoui ရဲ့ညီအကို Ibrahim ဟာ အဲဒီနေ့ တမနက်ထဲမှာပဲ လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲသူ နှစ်ဦးထဲက တဦးဖြစ် တယ်ဆိုတာ တရားဝင် ဖော်ထုတ်ထားပြီးပါပြီ။ ဒုတိယအသေခံဗုံးခွဲသူကိုတော့ Najim Laachraoui ဖြစ်တယ်လို့ သတင်းဌာန တွေကဖော်ပြပါတယ်။ သူဟာ IS အဖွဲ့က ဗုံးလုပ်သူတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ပါရီမြို့တော်တိုက်ခိုက်မှုမှာ အဓိက လက်သည်တဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

XS
SM
MD
LG