သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ခေါင်းဆောင်သစ်တွေ ရွေးချယ်


ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)
ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)

EU ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင်သစ်တွေကို စနေနေ့က ရွေးချယ်ကြေညာခဲ့တာမှာ ပိုလန်နိုင်ငံဝန်ကြီးချုပ် Donald Turk ကို ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီး ဖယ်ဒရီကာ မိုဂေရီနီ (Federica Mogherini) ကိုတော့ လက်ရှိ Catherine Ashton ယူထားတဲ့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲနေရာအတွက် ရွေးချယ်ခဲ့ကြပါတယ်။ EU အတွက် အရေးကြီးနေတဲ့အချိန်မှာ ရာထူးတာဝန်တွေ
အလွှဲအပြောင်းလုပ်ရတာဖြစ်တယ်လို့ လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌတာဝန်ယူထားတဲ့ Belgium ဝန်ကြီးချုပ်ဟောင်း
Herman Van Rompuy က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်တွေအတွင်း EU ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အရည်အချင်းတွေအားလုံး လိုအပ်မှာဖြစ်ပါတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy ပြောကြားသွားတာဖြစ်ပါတယ်။ EU အတွက် သူမြင်တဲ့ စိန်ခေါ်မှု ၃ ခုကိုပြောကြားသွားတာမှာ စီးပွားရေးတိုးတက်မှု တန့်နေတဲ့ကိစ္စ၊ စစ်အေးစစ်ကာလထဲကဆိုရင် ဥရောပတိုက်ရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ယူကရိန်းနဲ့ Russia ပြဿနာနဲ့ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်ထွက်သွားနိုင်တဲ့ အခြေအနေကို စိန်ခေါ်မှုတွေအဖြစ် ပြောကြားသွားပါတယ်။

စနေနေ့က ရွေးချယ်ခဲ့တဲ့ EU ခေါင်းဆောင်တွေသစ်တွေအနေနဲ့ November လမှာ ရာထူးတာဝန်တွေကို စတင်ယူရမှာဖြစ်ပါတယ်။

XS
SM
MD
LG