သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသံတမန်တွေ ကချင်ပြည်နယ် သွားရောက်


ကချင်စစ်ပြေးဒုက္ခသည်စခန်း။
ကချင်စစ်ပြေးဒုက္ခသည်စခန်း။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တည်ငြိမ်မှု မရှိသေးတဲ့ ကချင်ပြည်နယ်ကို ဥရောပသံတမန်တွေ မကြာသေးခင်ကပဲ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတွေက မြန်မာနိုင်ငံအခြေစိုက် သံရုံးတွေနဲ့ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တွေ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ခရီးစဉ်အတွင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အပြင် ဒေသတွင်းက လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGOs တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေက တာဝန်ရှိသူတွေနဲ့ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သားတွေကို ကာကွယ်ဖို့ လိုအပ်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စိုးရိမ်စရာ သတင်းတွေနဲ့ ပတ်သက်လို့လည်း ပြောဆိုခဲ့ကြတာပါ။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ရင်း ပြန်နိုင်အောင် စာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို ကချင်ပြည်နယ်မှာ ကြီးထွားလာနေတဲ့ မူးယစ်ဆေးဝါး ပြဿနာ၊ လတ်တလော ကိုးကန့်ဒေသက တိုက်ပွဲတွေကြောင့် ရိုက်ခတ်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေကိုလည်း ဥရောပ သံကိုယ်စားလှယ်တွေဖက်က ပြောဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာ သာမက မြန်မာနိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အပြန်အလှန် မယုံကြည်မှုတွေ ရှိနေတဲ့အတွက် နိုင်ငံတဝှမ်းက တိုက်ပွဲတွေကို အဆုံးသတ်ပြီး၊ ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးဆွေးနွေးမှုတွေကို အားလုံးပါဝင် ဆွေးနွေးနိုင်အောင် အမြန်ဆုံး ကြိုးပမ်းဖို့လည်း ဥရောပသံကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG