သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းရွှေ့ဝင်ရောက်မှု ဥရောပဆန့်ကျင်


ဥရောပကို ရွှေ့ပြောင်း ဒုက္ခသည် အစုလိုက် အပြုံလိုက် ရောက်လာတာနဲ့ ဒါဟာ ဥရောပကို အစ္စလာမ်လွှမ်းမိုး လာစေတယ်လို့ ပြောပြီး ဆန္ဒပြကြတဲ့ ဂျာမနီက Pegida အစ္စလာမ်ဆန့်ကျင်ရေး အဖွဲ့ဦးစီးတဲ့ လူထုစုဝေးပွဲတွေကို စနေနေ့က ဥရောပမြို့ကြီး အတော်များများမှာ ပြုလုပ်ခဲ့ပါတယ်။

Pegida ကိုထောက်ခံသူ ထောင်ပေါင်းများစွာဟာ ဒီလှုပ်ရှားမှု စတင်ခဲ့တဲ့ ဂျာမနီနိုင်ငံ Dresden မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Pegida ထောက်ခံသူ ၂၀၀ လောက် စတင် ဆန္ဒပြခဲ့တဲ့ Neitherlands နိုင်ငံ Amsterdam မြို့တော်မှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ဆန္ဒပြသူတွေကို ဆန့်ကျင်တဲ့ အုပ်စု ၂ စုကြား ရဲတွေက ဝင်ရောက် ဖြန်ဖြေပေးပြီး အုပ်စု ၂ ခု စလုံးက လူအတော်များများကို ဖမ်းဆီးခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ Pegida ထောက်ခံသူ ၂၀၀ လောက် က Birmingham မြို့မှာ ပထမဆုံး တရားဝင် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ရွှေ့ပြောင်း ဒုက္ခသည် ၁ သန်းခွဲလောက် ဝင်လာတာမျိုး ဒီနှစ်မှာ ထပ်မကြုံစေချင်ဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦးက ပြောပါတယ်။

အစ္စလာမ်တွေ ပိုများလာတာနဲ့ လွတ်လပ်မှု ပိုနဲသွားတာမျိုး လက်တွေ့မှာ ကြုံနေရပြီး သူတို့ဟာ ပြဿနာကြီးတရပ် ဖြစ်လာတယ် လို့လည်းပြောပါတယ်။ တချို့ကတော့ မူဆလင်အများအပြားဟာ အနောက်တိုင်း လူမှုအဖွဲ့အစည်းနဲ့ ရောနှောနိုင်စွမ်း မရှိတဲ့အတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။

တခြားဆန္ဒပြပွဲတွေကို ချက်ကိုစလိုဗက်ကီးယား နိုင်ငံက Prague နဲ့ Brno ၊ ပိုလန်က ဝါဆော၊ စလိုဗက်ကီးယားက Bratislava ၊ ပြင်သစ်က Calais နဲ့ Montpellier အပြင် Austria တောင်ပိုင်းက Graz တို့မှာလည်း တွေ့ရပါတယ်။ ဒုက္ခသည်အရေအတွက် အများအပြား လက်ခံဖို့ အီးယူ ဥရောပ သမဂ္ဂရဲ့ တောင်းဆိုချက်ကို ချက်သမ္မတ နိုင်ငံ၊ Slovakia ၊ ဟန်ဂေရီနဲ့ ပိုလန် နိုင်ငံတွေက ကန့်ကွက်နေကြတာပါ။

XS
SM
MD
LG