သုံးရလွယ်ကူစေသည့် Link များ

Sepp Blatter FIFA ဥက္ကဋ္ဌ အဖြစ် ပြန် အရွေးခံရ


Sepp Blatter FIFA ဥက္ကဋ္ဌ အဖြစ် ပြန် အရွေးခံရ။ (မေ ၂၉၊ ၂၀၁၅)
Sepp Blatter FIFA ဥက္ကဋ္ဌ အဖြစ် ပြန် အရွေးခံရ။ (မေ ၂၉၊ ၂၀၁၅)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌ Sepp Blatter ဟာ ငါးကြိမ်မြောက် သက်တမ်း အတွက် ပြန်ပြီး ရွေးကောက်ခံရပါတယ်။ FIFA အပေါ် အကျင့်ပျက်ခြစားမှု ဆိုင်ရာ စွဲချက်တွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထွက်လာပြီးတဲ့နောက် Blatter ပြန်ပြီး ရွေးကောက်ခံရတာပါ။

ပထမအကျော့ မဲပေးပွဲမှာ လိုအပ်တဲ့မဲအများစုအရေအတွက် ၁၄၀ အောက် ခုနစ်မဲ ပဲလျော့ပြီး Blatter က ရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပြိုင်ဘက်ဖြစ်သူ ဂျော်ဒန်မင်းသား Ali bin al Hussein က ဒုတိယအကျော့ မဲပေးပွဲ မတိုင်ခင် ရွေးကောက်ပွဲကနေ ရုပ်သိမ်း လိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလာဒ်အပေါ် စိတ်ပျက်ကြောင်း အမေရိကန် ဘောလုံး အဖွဲ့ချုပ်က ပြောပေမဲ့ Blatter ကိုတော့ ဂုဏ်ပြုစကား ပြော ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်မြို့မှာကျင်းပတဲ့ ၆၅ ကြိမ်မြောက် FIFA နှစ်ပတ်လည်ညီလာခံမှာ Blatter က မိန့်ခွန်းပြောတာမှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူကို ကျေးဇူးတင်စကားဆိုခဲ့သလို ပြိုင်ဘက်ရဲ့ ရိုးသားမှုနဲ့ FIFA ကိုပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန် ခိုင်မာမှုတို့အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

လက်ရှိ အကျပ်အတည်း အခြေအနေကနေ လွတ်မြောက်အောင် FIFA ကို ဆွဲတင်သွားပါမယ်လို့ Blatter က ကတိစကားပြောခဲ့ပါတယ်။

XS
SM
MD
LG