သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဒဂုံစက်မှုဇုန် - ၂ မီးလောင်


(Credit: Myanmar Fire Services Department)
(Credit: Myanmar Fire Services Department)

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် ၆၃ ရပ်ကွက် စက်မှုဇုန် ၂ မှာ မေလ ၅ ရက် ကြာသပတေးနေ့ည ၈ နာရီလောက်က စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မြန်မာစံတော်ချိန် ည ၂ နာရီခွဲမှာ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ - မီးညွန့်ကျိုးသွားပြီဖြစ်ပေမဲ့ - မီးကြွင်းမီးကျန်တွေကို ငြိမ်းသတ်နေဆဲဖြစ်တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။

“အခြေအနေကတော့ မီးငြိမ်းတုန်းပါပဲခင်ဗျ။ မီးသတ်ကားကတော့ Level – 4 အဆင့်ထိ သတ်မှတ်ထားပါတယ်။ Level – 4 ဆိုတာကတော့ မီးများလို့ပေါ့ စိုးရိမ်ရတဲ့ အနေအထားပေါ့။ Level – 4 ဆိုတော့ မီးသတ်ကားက အစင်း ၄၀ ပေါ့။”

မီးလောင်ကျွမ်းမှုအခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံက မီးသတ်ကားတော်တော်များများ သွားရောက် ကူညီ ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ မီးငြိမ်းသတ်နေစဉ် ထိခိုက်ဒဏ်ရာရမှု တချို့ရှိခဲ့ပြီး - အနီးစပ်ဆုံးဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း တောင်ဒဂုံမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။

တောင်ဒဂုံမြို့နယ် စက်မှုဇုန် - ၂ မှာ အလုပ်ချိန်နောက်ပိုင်း လောင် ကျွမ်းမှု ဖြစ်ခဲ့တာမို့ - လူအများအပြားကို ထိခိုက်မှုတော့ မရှိခဲ့ပေမဲ့ - စက်မှုဇုန်အတွင်းက ကုန်ကြမ်းပစ္စည်း တော်တော်များများ မီးထဲပါသွားတယ်လို့ ဆိုပါတယ်။ လောလောဆယ် မီးလောင်ကျွမ်းမှုဖြစ်စဉ် အပါအဝင် ထိခိုက်ဒဏ်ရာရသူဦးရေနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏ အတိအကျကိုတော့ မသိရသေးပါဘူး။ အခင်းဖြစ်ရာဆီကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

XS
SM
MD
LG