သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gray အမှု စုံစမ်းရေး ရလဒ် လူသိရှင်ကြား မထုတ်ပြန်သေး


ွGray အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြသူတစ်ဦး။
ွGray အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြသူတစ်ဦး။

ဘယ်လ်တီမိုးမြို့မှာ ရဲကထိန်းသိမ်းထားစဉ် လူငယ် လူမဲအမျိုးသားတဦး သေဆုံးခဲ့ တာနဲ့ ပါတ်သက်ပြီး အကြမ်းဖက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ ရာကနေ တဖြေးဖြေး ပုံမှန် အခြေနေကို ပြန်ရောက်လာနေချိန်မှာပဲ ဒီသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ချိန်မှာ အခြေနေတွေ သိပ်မဆိုးအောင် တာဝန်ခံ အရာရှိတွေ ကြိုးစားနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် Freddie Gray ကို ရဲက ထိမ်းသိမ်းထားစဉ်မှာ ဧပြီလ ၁၉ ရက်နေ့က ကျောရိုးမှာ ပြင်းထန်တဲ့ ဒဏ်ရာရပြီး သေဆုံးခဲ့ရတာနဲ့ ပါတ်သက်လို့ ပြုလုပ်ခဲ့တဲ့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ကို မေရီလန်းပြည်နယ် ရှေ့နေချုပ်ရုံးကို တင်သွင်းလိုက်ပြီလို့ မကြာခင်ကမှ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတာဝန်ခံတွေက ပြောကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ Gray ကို ရဲအလုံပိတ်ကားမှာ ခေါ်ဆောင်သွားစဉ် နဂိုက မဖော်ပြထားတဲ့ ရပ်တန့်မှုတခုကို ပြုလုပ်ခဲ့ကြောင်း ပါရှိတာကြောင့် လူအများက စိတ်ဝင်စားနေကြပါတယ်။ ဒီအစီရင်ခံစာရဲ့အသေးစိတ်ကိုတော့ ထုတ်ပြန်ဦးမှာမဟုတ်ဘူးလို့ ဘောလ်တီမိုးရဲတွေက ပြောပါတယ်။

XS
SM
MD
LG