သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျဂျာမန်လေယာဉ် ခရီးသည်တွေထဲ အမေရိကန်နိုင်ငံသား ၃ ဦးပါဝင်


ပြင်သစ်၊ ဂျာမနီနဲ့ စပိန်ခေါင်းဆောင်တွေဟာ လူ ၁၅၀ သေဆုံးခဲ့ရတဲ့ ဂျာမန် Germanwings Airbus A320 လေယာဉ် ပျက်ကျသွားခဲ့တဲ့နေရာအနီး ပြင်သစ်နိုင်ငံ Alpes တောင်ကမ်းပါးဒေသမှာ တွေ့ဆုံခဲ့ကြပါတယ်။

ပြင်သစ်သမ္မတ Francois Hollande, ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ဟာ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့လည်း စကားပြောခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံခဲ့တဲ့နေရာဟာ စပိန်နိုင်ငံ Barcelona မြို့က ဂျာမနီနိုင်ငံ Dusseldorf မြို့ကို ပျံသန်းလာတဲ့လေယာဉ် အင်္ဂါနေ့က ပျက်ကျသွားတဲ့ နေရာအနီးမှာ ဖြစ်ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုအတွက် ဝမ်းနည်းကြောင်းပြောကြားရင်း သေဆုံးသွားရတဲ့ ခရီးသည်တွေထဲမှာ အမေရိကန်နိုင်ငံသူ Yvonne Selke နဲ့ Emily Selke တို့လည်း ပါဝင်သွားတယ်လို့ အမေရိကန် နိုင်ငံခြားရေးပြောခွင့်ရ Jen Psaki က ပြောကြားသွားပါတယ်။ နောက် အမည်မဖော်ထုတ်နိုင်သေးတဲ့ အမေရိကန်နိုင်ငံသား ၁ ဦးလည်း ပါသွားပြီး မိသားစုနဲ့ ဆက်သွယ်နေတယ်လို့လည်း ဆိုပါတယ်။

မိမိတို့အနေနဲ့ ဒီဖြစ်ရပ် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အစွမ်းကုန် ကြိုးပမ်းကူညီရှာဖွေသွားမယ်လို့ မစ္စတာ Hollande က ဂျာမန်ဝန်ကြီးချုပ်နဲ့ စပိန်ဝန်ကြီးချုပ်တို့ကို အားပေးစကားပြောကြားခဲ့ပါတယ်။ ပျံသန်းမှုမှတ်တမ်းတင် black box တစ်လုံးကို တွေ့ရှိပြီးဖြစ်ပေမဲ့ ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဒုတိယ black box တစ်လုံးကိုတော့ ရှာဖွေနေကြဆဲဖြစ်ပါတယ်။

XS
SM
MD
LG