သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအထီးကျန်ဖြစ်ရေး G7 မလိုလား


စက်မှုထိပ်သီး ၇ နိုင်ငံ G7 အဖွဲ့ဝင် ဘယ်နိုင်ငံကမှ ရုရှားကို အထီးကျန်ဖြစ်အောင် ဖယ်ထုတ်ထားဖို့ စိတ်မင်စားဘူးလို့ ဂျာမနီနိုင်ငံ Luebeck မြို့မှာကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအိမ်ရှင် ဂျာမနီက ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက သီးခြားခွဲထွက်ရေးဝါဒီတွေရဲ့ လက်နက်ကိုင်ပုန်ကန်မှုကို ရုရှားက ထောက်ခံတာကြောင့် အစည်းအဝေးကို ပေးမတက်တဲ့အတွက် မနှစ်ကတည်းက G8 အစည်းအဝေးကနေ G7 အစည်းအဝေး ဖြစ်နေတာပါ။

ဒီအုပ်စုကို ရုရှားပြန်ဝင် လာနိုင်စေမယ့် တခုတည်းသောနည်းလမ်းကတော့ Minsk သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့ပဲဖြစ်တယ်လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank Walter Steinmeier က ပြောပါတယ်။

S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အီရန်ဆီပေးပို့ဖို့ မကြာသေးခင်ကပဲ ရုရှားက ဆုံးဖြတ်လိုက်တာကိုလည်း မစ္စတာ Steinmeier က ပြစ်တင်ရှုတ်ချပါတယ်။ ဒါဟာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအကြား ၁၂ နှစ်ကြာ နျူကလီးယားအရေး ဆွေးနွေးပွဲတွေကို ထိခိုက်စေမယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG