သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေးနဲ့ ရေနံဈေးထိုးကျမှုကြောင့် ကမ္ဘာ့ဈေးကွက် အခြေမလှ


အမေရိကန် အစုရှယ်ယာဈေးတွေဟာ ဗုဒ္ဓဟူးနေ့မှာ ကုန်သည်တွေအတွက် အတက်အကျကြမ်းတဲ့ နေ့တနေ့ ဖြစ်နေပြီး ပင်မ အစုရှယ်ယာတွေဟာ ဈေးပိတ်ချိန်မှာ သိသိသာသာ ပြန်တက်လာပေမယ့် ၃ ရာခိုင်နှုန်းကျော် အထိ ထိုးကျသွားတာနဲ့ လည်းကြုံခဲ့ရတာပါ။

စီးပွားရေးကျွမ်းကျင်သူတွေကတော့ ဒါဟာကမ္ဘာဈေးကွက်မတည်ငြိမ်ဘဲ ရေနံဈေးထိုးကျနေတာ၊ တရုတ်စီးပွားရေး နှေးကွေးနေတာနဲ့ ဒီနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဆိုးရွားမယ်လို့ ခန့်မှန်းတာတွေကြောင့်လို့ ဆိုပါတယ်။

ရေနံစိမ်းတစည်ကို ၂၇ ဒေါ်လာအောက် ကျဆင်းနေတာက တချို့အစုရှယ်ယာ အညွှန်းကိန်းရဲ့အရေးပါတဲ့ ကဏ္ဍမှာရှိတဲ့ စွမ်းအင်ကုမ္ပဏီ အစုရှယ်ယာတွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ S&P 500 အညွှန်းကိန်းက ၁.၂ ရာခိုင်နှုန်း အကျနဲ့ ဈေးပိတ်ခဲ့သလို Dow အညွှန်းကိန်းကလည်း ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဂျာမဏီအစုရှယ်ယာ ဈေးတွေ ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့သလို ပြင်သစ်နဲ့ ဗြိတိန်က ပင်မ အညွှန်းကိန်းတွေကလည်း ၃.၅ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပါတယ်။

တိုကျို Nikkei အညွှန်းကိန်းက ၄ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို ဟောင်ကောင် Hang Seng အညွှန်းကိန်းက ၃.၅ နဲ့ တောင်ကိုရီးယား Kospi အညွှန်းကိန်းက ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ တရုတ် Shanghai အညွှ့န်းကိန်းကလည်း ဗုဒ္ဓဟူးနေ့မှာ ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

XS
SM
MD
LG