သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား အရေးညှိနှိုင်းမှု တိုးတက်မှုနည်းနည်းရ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အီရန်နျူကလီယားဆွေးနွေးပွဲ နောက်ဆုံးတိုးတက်မှုအခြေအနေကို သတင်းဌာနတွေကို အသိပေးပြောကြားနေစဉ်။ (ဇူလိုင် ၅၊ ၂၀၁၅။)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အီရန်နျူကလီယားဆွေးနွေးပွဲ နောက်ဆုံးတိုးတက်မှုအခြေအနေကို သတင်းဌာနတွေကို အသိပေးပြောကြားနေစဉ်။ (ဇူလိုင် ၅၊ ၂၀၁၅။)

အီရန်နျူကလီယားအရေးနဲ့ပတ်သက်လို့ ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီမှုရဖို့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကခေါင်းဆောင်တွေ သြစတြီးယားမှာတွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာပဲ အဓိကကျတဲ့အပိုင်းတွေမှာ ပြေလည်မှုရဖို့ အလားအလာတွေ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဒီမပြီးပြတ်သေးတဲ့ အီရန်နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီရန်နိုင်ငံခြာရေးဝန်ကြီး Mohammad Javad Zarif တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ သြစတြီးယားနိုင်ငံဗီယင်နာမှာ တွေ့ဆုံဆွေးနွေးကြချိန်မှာပဲ P5+1 နိုင်ငံက ခေါင်းဆောင်တွေလည်း ဗီယင်နာကို ပြန်လည် ရောက်ရှိလာပါတယ်။ ဒီသီတင်းပတ်အကုန်ပိုင်းမှာ ကျွမ်းကျင်တဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေအဖွဲ့ကြား အကြိတ်အနယ် ဆွေးနွေးခဲ့တာပါ။

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုဖယ်ရှားသွားမလဲဆိုတာကို အကြမ်းဖျင်း သဘောတူညီမှုရထားတယ်လို့တော့ တာဝန်ရှိသူ တချို့က မနေ့က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးတွေအနေနဲ့ အတည်ပြုပေးရမှာဖြစ်တယ်လို့ အမေရိကန် အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက သတိပေးပြောကြားပါတယ်။

XS
SM
MD
LG