သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား သဘောတူညီမှု ပင်လယ်ကွေ့နိုင်ငံတွေ သတိထားကြိုဆို


U.S. Secretary of State John Kerry speaks during a press conference following a meeting with foreign ministers of the Gulf Cooperation Council (GCC), Aug. 3, 2015 in Doha.
U.S. Secretary of State John Kerry speaks during a press conference following a meeting with foreign ministers of the Gulf Cooperation Council (GCC), Aug. 3, 2015 in Doha.

အီရန်နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်ကို အကောင်ထည်ဖေါ်နိုင်ပြီဆိုရင် ဒေသတွင်း လုံခြုံရေးကို အထောက်အကူပြု နိုင်လိမ့်မယ်လို့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံနဲ့ ရရှိထားတဲ့ နျူကလီယား ဆိုင်ရာ သဘောတူညီမှုနဲ့ တခြားအကြောင်းအရာတွေကို ပင်လယ်ကွေ့ဒေသ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဝန်ကြီး Kerry က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆွေးနွေးကြရာမှာ ဒေသတွင်းလုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ လုပ်ငန်းကော်မတီတွေဖွဲ့စည်းဖို့ နှစ်ဘက် သဘောတူညီ ခဲ့ကြပြီး ထောက်လှမ်းရေး သတင်းအချက်လက်တွေဖလှယ်ဖို့၊ အထူးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးရေးနဲ့ ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေ ပါဝင်ပါတယ်။

မစ္စတာ Kerry နဲ့ အတူ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီး Khaled al-Attiya က အီရန်နိုင်ငံနဲ့ ရရှိထားတဲ့ သဘောတူညီချက်ကို သတိနဲ့ ကြိုဆိုလိုက်ပြီး ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

GCC အဖွဲ့ဝင် ၆ နိုင်ငံအနေနဲ့ အီရန်နျူကလီယားအရေး သဘောတူညီမှုနဲ့ ပတ်သက်ပြီး မစ္စတာ Kerry ရဲ့ ရှင်းလင်း တင်ပြမှုနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ အချက်တွေ အပေါ် အားရကျေနပ်မှု ရှိခဲ့ကြတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG