သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသီးကြွေ မိုးရွာသွန်းမှုကြောင့် ကျောက်ဆည်မှာ လူ ၆ ဦးသေဆုံး


မိုးသီးကြွေကျမှုများကြောင့် သေဆုံးနေသော တိရစ္ဆာန်အချို့။ ဓါတ်ပုံ - (ကိုစိုးသီဟ)
မိုးသီးကြွေကျမှုများကြောင့် သေဆုံးနေသော တိရစ္ဆာန်အချို့။ ဓါတ်ပုံ - (ကိုစိုးသီဟ)

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာ ဧပြီလ ၂၂ရက်နေ့ ညနေက လေပြင်းတိုက်ခတ်ပြိး မိုသီများ ကျလာခြင်း၊ တောင်ကျရေတွေ ကျလာတဲ့အတွက်ကြောင့် ရေသရောက်ကျေးရွာမှာ ရွာလုံးကျွတ် နီးပါးအိမ်ခြေတွေ ပျက်ဆီးပြီးလူ ၆ဦးသေဆုံးကာတိရိစာန်အကောင်ရေ ၁၀၀ကျော် သေဆုံးမူဖြစ်ခဲ့ပါတယ် ဒါအပြင် စစ်ကိုင်းတိုင်းနဲ့တခြားတိုင်းနဲ့ပြည်နယ် တချို့မှာလည်း ပျက်စီးဆုံးရှုံးမူတွေ ဖြစ်ခဲ့ပါတယ် မအေးမာက သတင်းပေးပို့ ထားပါတယ် ။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ရေသရောက်ကျေးရွာမှာ မိုးသီးများ ကျခြင်း၊ တောင်ကျရေတွေကျခြင်းတွေကြောင့် လူသေဆုံးမူတွေ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေကိုအကူညီပေးနေတဲ့ ကျော်ဆည်ခရိုင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုစိုးသီဟကပြောပါတယ်။

”ကျောက်ဆည်မြို့နယ်ထဲမှာတော့ ကျောက်ဆည်မြို့နယ်အရှေ့ဘက်မှာရှိတဲ့ ပချောင်းဆုံ ရေသရောက်လို့ ခေါ်တာပေါ့နော်။ ရေတံလျောက်ကျေးရွာ ပေါ့နော်။ သေတာပေါ့။ ပေါင်း ခြောက်ယောက် သေဆုံးတယ်။ ကလေးအလောင်းနှစ်လောင်းက ရှာဆဲဖြစ်နေတယ်။ လိုက်ရှာတုန်းပဲ။ မိုးသီးတွေက မထင်မှတ်လောက်အောင် အများကြီးလဲ ကျတယ်။ အလုံးကလဲ ကြီးတဲ့အခါကျတော့ အိမ်ခြေ ၁၇၆အိမ်ရှိတဲ့ဟာ ၁၆၇ အိမ် ပျက်သွားတယ်။ ခေါင်မိုးတွေ အကုန်လုံးက ပွင့်ထွက် သွားတယ်။ သေဆုံးတယ်ဆိုတာက ဒီလို။ ရွာရဲ့ နောက်ကြောမှာက ချောင်းရှိတယ်။ မိုးရွာရင် ကျတဲ့ချောင်း။ တောင်ကြားထဲမှာရှိတယ်။ မိုးရွာရင် ရေက တောက်လျောက် တလဟော ဆင်းတာပေါ့နော်။ ဖြစ်တဲ့အချိန်ကလဲ လေးနာရီ ခွဲလောက် ဆိုတော့ သူတို့ အဓိကက စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုတော့၊ မွေးမြူရေးက အဓိက ထားတာလေ။ စိုက်ပျိုးရေး ဆိုတာက မိုးရွာမှ စိုက်လို့ ရတဲ့ ဒေသ။ တောင်ယာဆိုတော့ စိုက်ပျိုးရေး မလုပ်နိုင်တဲ့အချိန်မှာ မွေးမြူရေး က ဆိတ်နွားကျောင်းပေါ့။ ဆိတ်နွားကျောင်း ပြန်လာတဲ့ အချိန်မှာ ချောင်းဖြတ်ပြီးတဲ့အချိန်မှာအဲလိုဖြစ်ပြီးပါကုန်တာ။ သေတာက နွား သိမ်းပြီး ပြန်လာတဲ့အချိန် ချောင်းရေအကျနဲ့ တွေ့ပြီးတော့ ပါသွားတာ။ အဲဒီမှာ နွားတွေလည်း ပါတယ်။ ဆိတ်တွေလည်း ပါသွားတယ်။ ခုလောလောဆယ် ဆိတ်နွား အကောင်ရေက ၁၀၀ကျော်ပေါ့။ စာရင်းတက်လာတယ်။”

ရေသရောက် ကျေးရွာမှာတော့လူနေလို့မရအောင် ရွာလုံးကျွတ် အိမ်ခြေ အားလုံးနီးပါးပျက်ဆီးခဲ့ပြီး စဉ့်ကိုင်မြို့နယ်၊ ကန်ကြီးကျေးရွာမှာလည်း ရွာလုံးကျွတ်နီးပါးေ နအိမ်တွေပျက်ဆီးခဲ့သလို့စစ်ကိုင်းတိုင်းအတွင်းမှာလည်း မိုးသီးများ အများအပြား ကျခဲ့ပါတယ်ဒါအပြင် စစ်ကိုင်းတိုင်းထဲက တမူးမြိုနယ်ထဲမှာလည်း အိမ်ခြေပျက်စီးမူ ရှိခဲ့ပါတယ် ။ ဧပြီလ ၂၃ရက်နေ့ မနက်ပိုင်းမှာတော့ မန္တလေးမြို မှာ မိုးသီးများ ကျလာတာကြောင့် အဆောက်တဦးတချို့နဲ့ကားတွေကမှန်တွေ ပျက်ဆီးမူ အနည်းငယ်ရှိခဲ့ပါတယ် လေပြင်းတိုက်တာ ကြောင့်လည်း ဒေသခံအများစိုးရိမ်မူတွေလည်း ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ ကျန်တိုင်း ဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီးရွာရန်ရာနှုန်း(၈၀) ဖြစ်တဲ့အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမူဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG