သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အမေနေ့” နိုင်ငံတကာမှာ ဆင်နွှဲ


အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတလွှား နိုင်ငံအများအပြားမှာ ဒီကနေ့ တနင်္ဂနွေနေ့ကို Mother’s Day “အမေနေ့” အဖြစ် သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ ဆောင်ရွက်ချက်တွေကို ဒီကနေ့ အမေနေ့မှာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့်တော့ မိသားစုတွေမှာမိခင်ဖြစ်သူတွေကို ပန်းစည်းတွေ လက်ဆောင်ပေးကြ၊ ညစာ တည်ခင်းကြပြီး အမေနေ့ကို ဆင်နွှွဲကြပါတယ်။ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကလည်း သူ့ရဲ့ သီတင်း ပတ်စဉ်မိန့်ခွန်းမှာ သမ္မတကတော် Michelle Obama ကို ဂုဏ်ပြုစကား ပြောကြားပါတယ်။

“ဒီသတင်းပတ်မှာတော့ မိခင်တဦးအဖြစ် အရေးအကြီးဆုံးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့အတွက် မီရှဲလ်ကို ကျေးဇူးတင်စကားပြောဖို့ အချိန် နည်းနည်းပိုယူပါမယ်။ နောက်ထပ်ကျေးဇူးတင်ရမှာကတော့ ယောက္ခမ ဖြစ်သူကိုပါ။ သူဟာဆိုရင် မီရှဲလ်အတွက် အမြဲတမ်း စံပြပုဂ္ဂိုလ်တဦးဖြစ်သလို ကျနော်နဲ့ မီရှဲလ်တို့ အနေနဲ့ Malia နဲ့ Sasha ကို ကျွေးမွေးစောင့်ရှောက်တာမှာလည်း ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးခဲ့သူ ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ကိုယ့်ရဲ့ မိခင်ရင်းတွေ၊ ကိုယ့်ကို ကိုယ်ဝန်လွယ် မွေးဖွားပေးခဲ့ရတဲ့ မိခင်တွေအားလုံးကို ကျေးဇူးတင်ကြဖို့ကို လည်း သမ္မတ အိုဘားမားက တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ Mother’s Day အမေနေ့ကိုလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင်းပကြပါတယ်။

XS
SM
MD
LG