သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လည်ပင်းအရိုးကြီးပေါင်း ရောဂါ


လည်ပင်းအရိုးကြီးပေါင်း ရောဂါ
လည်ပင်းအရိုးကြီးပေါင်း ရောဂါ

မြန်မာနိုင်ငံမှာ လည်ပင်း အရိုးကြီးပေါင်းဖြစ်တာ အဖြစ်များလာနေပြီး နေထိုင်ပုံ မမှန်ခဲ့ရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ဒီရောဂါ ဖြစ်ရခြင်း အကြောင်းရင်းကို အတိအကျ မသိနိုင်တဲ့အတွက် ကာကွယ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်တာကို ကြိုတင်သိပြီး၊ နည်းမှန်လမ်းမှန် ပြုမှုနေထိုင်နိုင်ရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ကျဉ်နိုင်ပါတယ်။

ကြိုတင်သိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ လည်ပင်းတဝိုက် နာကျင်တာ၊ နားနဲ့ ခေါင်းအောက်ပိုင်း နာကျင်တာ၊ ပုခုံး၊ လက်ပြင်၊ လက်မောင်း၊ လက်ဖျံနဲ့ လက်ချောင်းတွေအထိ နာတာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်လာရင်တော့ ခြေလက်အောက်ပိုင်း သေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အခုလို ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ရရှိမခံစားရအောင် မကြာခဏ ဇက် ချိုးခြင်းမလုပ်ဖို့၊ အလေးအပင်မတာ မလုပ်ဖို့၊ ခေါင်းအကြာကြီးငုံ့ပြီး စာရေးစာဖတ် အလုပ်လုပ်တာ မလုပ်ဖို့ လိုပါတယ်။ ဒါ့အပြင် အိပ်ရာမှာ အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူး ခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါပညာ အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG