သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာကြောင့် တက်ခြင်း


ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တာဟာ (၁) နှစ် နဲ့ (၅) နှစ်ကြား ကလေးတွေနဲ့ ငှက်ဖျားရှိတဲ့ဒေသကို အသစ်ရောက်လာသူတွေမှာ ဖြစ်နိုင်ချေ များနေသေးတယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာကြောင့် ကလေးတက်တာက မိနစ် (၃၀) ထက်ကြာအောင် တက်တတ်ပြီး၊ တက်တာကျသွားချိန်မှာ သတိကောင်းကောင်း ပြန်မရတတ်ပါဘူး။ ငှက်ဖျားလက္ခဏာတွေဖြစ်တဲ့ သွေးအားနည်းပြီး ဖြူဖျော့နေတာ၊ အသည်းကြီးတာ၊ သရက်ရွက်ကြီးတာ၊ အဖျားကြီးတာ၊ ဌက်ဖျားဒေသမှာ နေတာတွေလည်း ကလေးမှာတွဲပြီး တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တဲ့ လက္ခဏာတွေရှိတဲ့ ကလေးဟာ အမြဲမှိန်းနေတာ၊ ကယောင်ကတန်းဖြစ်တာ၊ သတိမကောင်းတာတွေကို သတိမလစ်ခင်မှာ တွေ့ရတတ်ပါတယ်။ သတိလစ်တာ၊ တက်တာတွေ ဖြစ်လာချိန်မှာ အရေးပေါ်ကုသမှု မပေးနိုင်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အခုလို လက္ခဏာတွေ ပြလာရင် ကလေးကို အမြန်ဆေးရုံပို့ပြီး၊ ငှက်ဖျားထိုးဆေး အားပြင်းပြင်း ထိရောက်အောင် အမြန်ဆုံး သွင်းပေးဖို့လိုပါတယ်။ တကယ်တော့ ငှက်ဖျားရောဂါ စဖြစ်လာချိန်မှာ ဒီငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်တဲ့အဆင့်အထိ မရောက်အောင်ကတော့ ရောဂါဖြစ်တာ စောစောသိပြီး၊ ငှက်ဖျားဆေးနဲ့ အမြန်ကုသဖို့ လိုပါတယ်။ ငှက်ဖျား အစထဲက မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဆေးစိမ်ခြင်ထောင် အသုံးပြုနိုင်ပါတယ်။

ဒီရောဂါအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG