သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ကိုယ်ခန္ဓာ ကြီးထွားမှု


ကလေး ခန္ဓာကိုယ် ကြီးထွားမှု တိုင်းတာတဲ့ အသေးစိတ် အချက်အလက်တွေကို မိဘတွေ ကြိုတင်သိထားဖို့ အရေးကြီးတယ်လို့ ကလေးအထူးကုတွေက ပြောဆိုကြပါတယ်။

ကိုယ်ခန္ဓာ ကြီးထွားမှုကို အသက်အရွက်အလိုက် ကာလ (၃) ပိုင်းခြားပြီး တိုင်းတာနိုင်ပါတယ်။ ပထမကာလ မွေးကာစကနေ တစ်နှစ်အတွင်းမှာ ကြီးထွားမှု အမြန်ဆုံးဖြစ်ပြီး၊ အလယ်ပိုင်းကာလ (၁) နှစ်မှ (၁၀) နှစ်အတွင်း မှာ ကြီးထွားမှု သိပ်မမြန်ဘဲ၊ နောက်ဆုံးကာလ အပျို၊ လူပျိုဝင်လာချိန်မှာ ကြီးထွားမှု ပြန်မြန်လာပါတယ်။ ဘာကြောင့်ပါလဲ။

ကိုယ်ခန္ဓာ ကြီးထွားမှုကို တိုင်းတာတဲ့နေရာမှာ ကိုယ်အလေးချိန်မှတ်တမ်း (သို့) နီဝါစိမ်း ကလေးမှတ်တမ်းက အထူးအသုံးဝင်တာမို့ လက်ဝယ်ထားရှိသင့်ပါတယ်၊ ဘယ်လို အကြောင်းတွေကြောင့် ရှိထားသင့်ပါလဲ။

ကလေးမွေးပြီးပြီချင်းမှာ (၂) ကီလိုခွဲထက် နည်းနေရင်၊ အကိုအမတွေမှာ အာဟာရချို့တဲ့ခဲ့ရင်၊ အမြွှာပူး မွေးလာခဲ့ရင်တော့ အထူးစောင့်ရှောက်မှုပေးဖို့ လိုပါတယ်။

ဒီအကြောင်း အသေးစိတ် နားလည်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာပေးဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG