သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဉာဏ်ရည်ဖွံဖြိုးမှု


ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးတွေကို မြန်မာနိုင်ငံမှာ တခါတရံ တွေ့ရလေ့ ရှိတယ်လို့ ကလေးအထူးကုတွေက ပြောဆိုပါတယ်။ ဒီပြဿနာ ဖြစ်ရခြင်းအကြာင်းရင်း ကာလအချိန် အဆင့်ဆင့်ရှိရာမှာ ကလေးသန္ဓေတည်စ အချိန်ကစပြီး မမွေးခင်အဆင့်၊ ကလေးမွေးချိန်ကာလနဲ့ မွေးပြီးကာလတွေမှာ ဖြစ်တတ်ကြပါတယ်။

မမွေးခင်ကာလမှာတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တာကြောင့် ကာကွယ်ရ ခက်ပါတယ်။ ဒါပေမဲ့ ကာကွယ်နိုင်တဲ့ အခြားအကြောင်းရင်းတွေ ရှိရာမှာ မိခင်ရောဂါပိုးရှိတာနဲ့ အာဟာရ ချို့တဲ့တာတွေပါပါတယ်။ ကလေးမွေးချိန်မှာ ခေါင်းထိခိုက်မိတာ၊ ခေါင်းထဲသွေးယိုတာနဲ့ ကလေးမဖွားနိုင်ဘဲ ရေမွန်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မွေးပြီးကာလမှာလည်း ခေါင်းထိခိုက်မိတာ၊ သွေးထဲရှိ သကြားဓာတ် ကျသွားတာ၊ အသားဝါတာ၊ မီးခိုးငွေ့တွေ ရှုရှိုက်မိတာနဲ့ ခဲဆိပ်သင့်တာတွေကြောင့်လည်း ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်နိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်းတွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း သုံးသပ်တင်ပြထားပါတယ်။

XS
SM
MD
LG