သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှု နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ


ဒီရက်အတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ ရေကြီးမှုတွေကြောင့် သောက်ရေသုံးရေ ညစ်ညမ်းလာပြီး ဝမ်းပျက်ဝမ်လျှော ရောဂါတွေ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုကြပါတယ်။

အခုလို သောက်ရေသုံးရေ ညစ်ညမ်းမှုကြောင့် အဓိက ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကနေ ကာကွယ်နိုင်ဖို့အတွက် တွင်းရေ၊ တုံကင်နဲ့ စက်ရေတွင်းတွေကို သန့်စင်ဆေးကြောပြီး၊ ကလိုရင်း ဆေးခပ်ပေးဖို့ လိုပါတယ်။ ဘယ်လို သန့်စင်၊ ဆေးခပ်ပေး လုပ်ဆောင်သင့်ပါလဲ။ ဆေးမခပ်နိုင်သေးခင်မှာတော့ ရေကို ကျိုချက်ပြီး သောက်သုံးသင့်ပါတယ်။

ဒီအကြောင်း အသေးစိတ် နားလည်သိရှိနိုင်ဖို့ ကိုဝင်းမင်းက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ ဒုတိယ ညွန်ကြားရေးမှုး ဒေါက်တာကြည်လွင်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG